iPhone စက်ရုံ

December 15, 2020

အိန္ဒိယရှိ iPhone စက်ရုံ၌ အကြမ်းဖက်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမြို့စွန်က iPhone ထုတ်လုပ်တဲ့စက်ရုံမှာ ဒီဇင်ဘာ ၁၂ ရက်က စက်ရုံအလုပ်သမားတွေက အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် စက်ရုံမှာ လုပ်ငန်းလည်ပတ်တဲ့ ထိုင်ဝမ် ကန်ထရိုက်တာကုမ္ပဏီ ဝစ်ထရွန် ကော်ပိုရေးရှင်းက ကုန်စည်ပံ့ပိုးသူ စည်းမျဉ်းတွေကို လိုက်နာမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ Apple အင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ ဝန်ထမ်းတွေက မရသေးတဲ့ လစာတွေကို ပေးဖို့နဲ့ ပိုကောင်းတဲ့ အလုပ်ချိန်ကို စီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ပြောပါတယ်။ စက်ရုံထဲက လုံခြုံရေးကင်မရာတွေ၊ ပြတင်းပေါက်တွေနဲ့ တခြားပစ္စည်းတွေကို ယောက်ျားတွေက တုတ်တွေ၊ သံချောင်းတွေနဲ့ ရိုက်ခွဲနေပုံကို စက်ရုံဝန်ထမ်းတွေက ရုပ်သံ ရိုက်ကူးထားခဲ့ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူ ၁၄၉ ယောက်ကို ရဲက ဖမ်းထားတယ်လို့ အကြီးတန်း ရဲရာရှိတယောက်က ပြောပါတယ်။ Apple ရဲ့ ထိပ်တန်းကမ္ဘာလုံးဆိုင်ရာ ပစ္စည်းသွင်းသူ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ ဝစ်ထရွန်ဟာ အိန္ဒိယနိုင်ငံထဲမှာ iPhone 7 လက်ကိုင်ဖုန်း ကိုယ်ထည်တွေနဲ့ iPhone SE ပစ္စည်းတွေကို ထုတ်လုပ်ပါတယ်။
4 months Ago
Up