Incredibles2

June 13, 2018

၁၄ နှစ်ကြာပြီးမှ နောက်ဆက်တွဲထွက်လာသည့် မိသားစုစွန့်စားရုပ်ရှင် - Incredibles 2 (နမူနာ)

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ မိသားစု စွန့်စားရုပ်ရှင်ကားတကားဖြစ်တဲ့ Incredibles 2 ရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ The Incredibles ရုပ်ရှင်ကားကို ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပြီး အဲဒီရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာခဲ့တဲ့ ဒီကားကတော့ အချိန် ၁၄ နှစ်ကြာ ကွာဟခဲ့ပါတယ်။ 3D Computer- Animated Superhero Film အမျိုးအစား ဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို ဝေါ့ဒစ်စနေးရုပ်ရှင်က ထုတ်လုပ်လိုက်တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာ ဘရက်ဘာ့ဒ်ကပဲ ဇာတ်ညွှန်းခွဲ ရိုက်ကူးထားခဲ့တာဖြစ်ကာ သရုပ်ဆောင်ဟောင်းတွေ အားလုံးနီးပါး ဒီကားထဲမှာ ပြန်လည်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ခန္ဓာကိုယ်ကို လိုအပ်သလို ပုံသဏ္ဌာန်အမျိုးမျိုး ကျုံ့နိုင်ချဲ့နိုင်တဲ့ Elastigirl နေရာမှာ မင်းသမီး ဟိုလီဟန်တာက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး စူပါစွမ်းအင်တွေ ပိုင်ဆိုင်တဲ့ Mr. Incredible နေရာမှာတော့ မင်းသားကြီး ခရိတ်ဂ်ျတီ နယ်လ်ဆန်က အသံနဲ့ သရုပ်ဆောင်ပေးထားပါတယ်။ ပထမကားမှာကတည်းက လူကြိုက်များခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဇာတ်ကောင်တွေကို ဘယ်လိုစွမ်းအားတွေနဲ့ ထပ်ပြီး ကြည့်ရှုကြရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ ၂၀၁၈ ခုနှစ်အတွက် ပရိသတ်အမျှော်လင့်ဆုံး မိသားစုရရုပ်ရှင်ကားအဖြစ်လည်း မဲပေးရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။
3 years Ago
Up