Incredibles 2

June 18, 2018

Incredibles 2 ဇာတ်ကား ရုံစတင်သည့်အပတ်တွင် ဝင်ငွေ ဒေါ်လာ သန်း ၁၈၀ ရရှိ

"Incredibles 2" ရုပ်ရှင်ဇာတ်ကားဟာ စပြီးရုံတင်တဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်အတွင်း ခန့်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ဝင်ငွေ သိမ်းကျုံးယူပြီး အားလပ်ရက် ရုပ်ရှင် ဝင်ငွေစံချိန်ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲလိုက်ပါတယ်။ ဒီဇာတ်လမ်းတွဲကို စပြီး ပြလာတာ ၁၄ နှစ် ရှိပါပြီ။ ဇွန် ၁၄ ရက်က ရုံမတင်မီ အထူးပွဲ ပြသချိန်မှာ ဒေါ်လာ ၁၈ ဒသမ ၅ သန်း ဝင်ငွေရခဲ့တာပါ။ ဒါဟာ အန်နီမေးရှင်း ကာတွန်းရုပ်ရှင် ဇာတ်ကားတကားအတွက် အကြီးဆုံး အထူးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတွေကို အဆင့်သတ်မှတ်တဲ့ BoxofficeMojo.com ရဲ့ အဆိုအရ ဒုတိယနေရာကို "Ocean's 8" ဇာတ်ကားက ရထားပြီး အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်း ဝင်ငွေရခဲ့ပါတယ်။ အသစ်စက်စက်ရုံတင်တဲ့ ဟာသဇာတ်ကား "Tag," က ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်းနဲ့ တတိယနေရာကို ရထားပါတယ်။ "Solo: A Star Wars Story" ဇာတ်ကားက ဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းနဲ့ စတုတ္ထ၊ "Deadpool 2" ကတော့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်းနဲ့ ထိပ်တန်းဝင်ငွေရ ဇာတ်ကားငါးကား စာရင်းထဲမှာ အသီးသီး ပါဝင်ခဲ့ပါတယ်။
3 years Ago
Up