Incitement(နမူနာ)

February 4, 2020

အစ္စရေးဝန်ကြီးချုပ် လုပ်ကြံခံရမှုဖြစ်ရပ်မှန် ဒရာမာရုပ်ရှင် - Incitement(နမူနာ)

ဖြစ်ရပ်မှန် အခြေပြု Thriller Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Incitement ကို အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၃၁ ရက်နေ့ကတည်းက ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ Greenwich Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အစ္စရေး -အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Yaron Zilberman က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ အစ္စရေးဝန်ကြီးချုပ် ယစ်ဇက်ရာဘင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂျူးအစွန်းရောက်သမား ရီဂယ်အာမေးအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တဲလ်အဗစ်မြို့ရင်ပြင်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးအခမ်းအနားတခုမှာ ဖြစ်ခဲ့တာပါ။ အစ္စရေး စစ်ဘက်အကြီးအကဲ တယောက်အဖြစ်ကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ရာဘင်ဟာ အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့မှုအတွက် ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ရီဂယ်အာမေးကတော့ အဲဒီအချိန်က ၂၅ နှစ်အရွယ် ဉပဒေအထူးပြု ကျောင်းသားတယောက်ဖြစ်ပြီး ဒီလုပ်ကြံမှုအတွက် တသက်တကျွန်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ ရှုထောင့်ကနေ ပုံစံတမျိုးနဲ့ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အစ္စရေး သရုပ်ဆောင်မင်းသား Yehuda Nahari Halevi က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Daniella Kertesz ၊ Anat Ravnitzki ၊ Yoav Levi စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဟီဘရူးဘာသာစကားကို အသုံးပြုထားခဲ့တာ ဖြစ်ပြီး IMDb မှာတော့ Rating 7.3 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အစ္စရေးအော်စကာလို့ အသိအမှတ်ပြုကြရတဲ့ Ophir Award မှာ အကောင်းဆုံးရုပ်ရှင်ကားအနေနဲ့ ဆုရရှိခဲ့ပြီး နာမည်ကြီးရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Toronto International Film Festival အပါအဝင် ရုပ်ရှင်ပွဲတော်အတော်များများမှာ Official Selection အနေနဲ့ ပြသခဲ့ပြီးတော့ ချီးကျူးမှုတွေလည်း ရရှိထားခဲ့ပါတယ်။
1 year Ago
Up