ICRC ဝန်ထမ်း

A d v e r t i s e m e n t With Us

January 1, 2021

ယီမင်လေဆိပ်တိုက်ခိုက်မှု၌  ICRC ဝန်ထမ်း ၃ ဦး သေဆုံး

ယီမင်နိုင်ငံ အေဒင်လေဆိပ်တိုက်ခိုက်မှုအတွင်း  နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC ဝန်ထမ်း ၃ ယောက် သေဆုံးခဲ့တယ်လို့ ICRC ထိပ်ပိုင်းတာဝန်ရှိသူက ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။  ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ၂၂ ယောက် သေဆုံးပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။   ICRC ဝန်ထမ်း တစ်ဒါဇင်လောက်ဟာ မြို့တော်ဆာနားကနေ ဂျီဘူဒီကို အသွားလမ်းမှာ ခရီးတထောက်နားခိုက် တိုက်ခိုက်မှုနဲ့ ကြုံခဲ့တယ်လို့  ICRC ပြောခွင့်ရ ပုဂ္ဂိုလ်က  ရှင်းပြပါတယ်။  ယီမင်သမ္မတ မန်ဆူဟာဒီရဲ့ အစိုးရအဖွဲ့ဝင်တွေ ဆော်ဒီက ပြန်လာချိန် အေဒင်လေဆိပ်မှာ တိုက်ခိုက်ခံရတာပါ။   အဲဒီနောက် မားရှက်သမ္မတနန်းတော်မှာ ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး  အစိုးရ အဖွဲ့ဝင်တွေကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။  သမ္မတ ဟာဒီအစိုးရနဲ့ ခွဲထွက်ရေးသမားတွေကြား သဘောကွဲလွဲနေတာကြောင့် အေဒင်မြို့ဟာ အကြမ်းဖက်နွံထဲ နစ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
2 months Ago
Up