ICJ တရားရုံး၌ မြန်မာဘက်ကရှေ့နေ ပါမောက္ခ ဝီလျံရှာဘတ်စ်၏ ထွက်ဆိုချက်များ

A d v e r t i s e m e n t With Us

December 11, 2019

ICJ တရားရုံး၌ မြန်မာဘက်ကရှေ့နေ ပါမောက္ခ ဝီလျံရှာဘတ်စ်၏ ထွက်ဆိုချက်များ 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ  မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကတရား စွဲထားတဲ့ အမှုအတွက် ဒီဇင်ဘာ ၁၁ ရက်က နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ တရားရုံးမှာ  မြန်မာဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ပါမောက္ခ ဝီလျံရှာဘတ်စ်က ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲချက် ပေးသွားပါတယ်။ လျှောက်လဲချက်တွေထဲက တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။  -ဂမ်ဘီယာက လျှောက်လဲထွက်ဆိုသွားတဲ့ အမှုအကြောင်းကို သွားမှာမဟုတ်၊ လူမျိုးတုံးသတ်ဖြတ်မှု အကြောင်းတွေကို ပြောပါမယ်၊ အသက်ရှင်တဲ့ အခြေခံအချက်တွေကို ဖျက်ဆီးတာလို့လည်း လူမျိုးတုံးသတ်ဖြတ်မှုကို ဖွင့်ဆိုပါတယ်။ -လွန်ခဲ့တဲ့ ၁၀ နှစ်က ဆီနီဂေါကိစ္စမှာဆိုရင်လည်း အဖြေမထွက်ခဲ့ပါ။ ကြားဖြတ်စီမံဆောင်ရွက်ချက် တောင်းတဲ့အခါ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ဖို့  ရည်ရွယ်ချက်ရှိရမယ်လို့ ဆိုတယ်။ မူဝါဒနဲ့ အကောင်အထည်ဖော်တာမဟုတ်ဘဲ အတင်းအကြပ်ပြောင်းရွှေ့စေရင်တောင်မှ လူမျိုးတုံး လုပ်တာ မဟုတ်ဘူးလို့ ဆုံးဖြတ်တာတွေရှိပါတယ်။ -ဂမ်ဘီယာဘက်က လျှောက်ထားတာမှာ တိတိကျကျ မဖော်ပြထားတာက သေဆုံးထိခိုက်သူအရေအတွက်၊ ရွာပေါင်း ၃၀၀ မှာ သေဆုံးသူက ၁၀၀၀ လောက်ပဲ ရှိပါတယ်။ ဒါက ကိုယ်စားပြုဖော်ပြတာလောက်ပဲ ရှိပါတယ်။ လူများစုကို စုပြုံမြှုပ်နှံ ထားတယ်ဆိုတာ မပြနိုင်ပါဘူး။  -ဆောင်ရွက်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ၁၉၉၃ ခုနှစ်က ကိစ္စကို ဥပမာပေးပြီးပြောသွားတာ ကတော့  မြန်မာနိုင်ငံ အနေအထားနဲ့ကိုက်ညီမှုမရှိပါဘူး။  -ပစ်မှတ်ထားတဲ့အုပ်စု၊ သွားလို့ လာလို့မရအောင် ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။ အဲတော့ ဒါက လူမျိုးတုံးစေမှုလို့ ပြောလို့မရပါဘူး။  -၂၀၁၆ ခုနှစ်က အာဆာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်ကို ဖော်ပြထားပါတယ်။ နယ်မြေ ရှင်းလင်းမှု ကိစ္စမှာတော့ အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ပျက်စီးမှုများစွာ ရှိတယ်ဆိုတာကိုတော့ ဖော်ပြထားပါတယ်။  -FFM ဆိုတာက အချက်အလက်ကို ရှာဖွေဖို့ပါ။ ဂမ်ဘီယာဘက်က လျှောက်ထားချက်မှာ  သေဆုံးမှုအရေအတွက် တိတိကျကျမဖော်ထားဘူး။ နံပါတ်တွေ၊ အဆောက်အဦတွေ ဘယ်လောက် ဖျက်ဆီးခံရလဲ၊ ရွာတွေဖျက်ဆီးခံရတာ ရွာသုံးရွာမှာ သေသွားတဲ့အရေအတွက်ပေါ့ အဲဒါက ကိုယ်စားပြုတဲ့ ဟာပဲရှိတယ်။ သေဆုံးသူအရေအတွက် အတိအကျ ဖော်ပြတာမရှိပါဘူး။ ခန့်မှန်းချေ ၇ သိန်းလောက်ထွက်သွားတယ် ၁ သောင်းလောက် သေသွားတယ်၊ ခန်းမှန်းခြေဖော်ပြတယ်။  -ဂျီနိုဆိုက် သဘောတူညီချက် အပုဒ် ၂  ဖော်ပြချက်အရ ဂျီနိုဆိုက်နဲ့ပတ်သက်ပြီး ဒီအုပ်စုကို ချက်ချင်းလက်ငင်း ဖျက်ဆီးတာ မဟုတ်ဘဲ အသက်ရှင်နေမှုကို ဖျက်ဆီးတာ ဖြစ်ပါတယ်။ ဂျီနိုဆိုက်နဲ့ပတ်သက်ပြီး ၁၉၄၈ က အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။  -ဘော့စနီးယားမှာဆိုရင် ၂၀၁၁ မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဂမ်ဘီယာအနေနဲ့ ဖော်ပြချက် အချက်အလက်အရ သူတို့မှာက ခိုင်လုံတဲ့ အမှုအကြောင်းအရာ မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ ဆားဘီးယားကိစ္စမှာဆိုရင် တရားရုံးအနေနဲ့ ခရိုအေးရှားက ဘာပြောခဲ့လဲဆိုရင် ဒီအပိုဒ်ကို ပြန်သုံးသပ်ဖို့ ပြောပါတယ်။ ဒီလိုဆွေးနွေးမှုတွေကို တခြားမှာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ လျှောက်ထားချက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။  -ဧပြီ ၂၀၁၈ မှာတုန်းက Pre trial chamber အတွက် မြန်မာကို ဘင်္ဂလားဒေ့ရှ်က ဒါ Humanity Crime ဆိုပြီး လျှောက်လွှာတင်ထားတယ်။ အခု ဂမ်ဘီယာအမှုမှာလည်း  FFM ပေါ်မှာပဲ မှီခိုတာ သွားတွေ့ရတယ်။ -ခရိုအေးရှားကို ပြန်ကိုးကားရမယ်ဆိုရင် လူအုပ်စုလိုက် ဖယ်ရှားတယ်ဆိုတာ ဂျီနိုဆိုက်လို့ ပြောလို့မရပါဘူး။ ဒေသခံတွေ ရှိတဲ့နေရာမှာ မူဝါဒနဲ့ အကောင်အထည်ဖော်တာ မဟုတ်ဘဲ လူတွေကို ဖယ်ထုတ်တာဆိုရင် လူအုပ်စုတခုကို ပျက်စီးစေလိုတဲ့ကိစ္စ မဟုတ်ပါဘူး။ ခရိုးအေးရှား အာဏာပိုင်တွေက ဆားဘီးယားလူမျိုးတွေကို အတင်းအကျပ် ဖယ်ထုတ်တဲ့ ကိစ္စမှာတောင် အဲဒီလူထုက ပျက်သုဉ်းသွားတဲ့အခြေအနေရောက်မှာသာ ဂျီနိုဆိုက်လို့ ပြောလို့ရမှာပါ။ အချက်အလက်တွေက ကုလသမဂ္ဂရဲ့ သီးခြားစုံစမ်းရေးအဖွဲ့အစည်းက သက်သေပြချက်လို့ ပြောပါတယ်။ ညွှန်ကြားချက်အပိုဒ် ပုဒ်မ ၁၁ အရ ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးတုံးစေမှုလို့ ဖော်ပြပါတယ်။  -၂၀၁၈ မတ်လမှာ ဖော်ပြချက်အရဆိုရင် ဂျီနိုဆိုက်ဆိုတဲ့အပိုင်းကို စပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ မှာ မြန်မာကာကွယ်ရေးဦးစီးချုပ်  ပြောတဲ့ကိစ္စမှာဆိုရင် ရန်ဟီးလီးက မြန်မာပြည်မှာ လူမျိုးတုံးစေမှု နဲ့ တာဝန်ရှိတယ်လို့ ပြောပါတယ်။ ရန်ဟီးလီအနေနဲ့ ဘယ်လိုမျိုး လက်တွေ့လုပ်ဆောင်ချက်တွေ ကြောင့် လူမျိုးတုံးစေမှုဆိုတာ ညွှန်းဆိုမှု မရှိခဲ့ပါဘူး။ ကုလ အထွေထွေညီလာခံမှာလည်း အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။ ယန်းဟီးလီရဲ့ ဂျီနိုဆိုက်ရဲ့ အမှတ်သင်္ကေတနဲ့ ပတ်သက်တာ မပါပါဘူး။ ယန်းဟီးလီအနေနဲ့ ဂျီနိုဆိုက်ကို ရှင်းရှင်းလင်းလင်း သိပုံမရပါဘူး။ သေသေချာချာ ရှင်းပြထားတာ မရှိပါဘူး။ -မတ် ၂၀၁၈ မှာဆိုရင် ဂျီနိုဆိုက်နဲ့ပတ်သက်ပြီး ပြောတာဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ရိုဟင်ဂျာ အပေါ်မှာ ဖြစ်တဲ့ကိစ္စက ဂျီနိုဆိုက်ကိစ္စ ဖြစ်နိုင်တယ်လို့ ပြောတာဖြစ်ပါတယ်။ တရားရုံးအနေနဲ့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ စကားလုံးကို အာရုံစိုက်စေလိုပါတယ်။  -လူမျိုးတုံးစေမှုကို ကာကွယ်တဲ့အပိုင်းမှာ ဂျီနိုဆိုက်ကို ကျူးလွန်ခဲ့တယ်လို့ မဖော်ပြခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်တဲ့ကိစ္စနဲ့ ဥပမာပေးရမယ်ဆိုရင် စုံစမ်းရေးအဖွဲ့က လူမျိုးသန့်ရှင်းခြင်းလို့ အစပိုင်းမှာ သုံးတယ်။ တချို့ကိစ္စတွေမှာ နောက်ပိုင်းမှာ သုံးတာက ၂၀၁၉ မှာ ဂျီနိုဆိုက် စကားလုံးကို မသုံးခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေကလည်း ဂျီနိုဆိုက်လို့သုံးတာ မရှိပါဘူး။ ခု ဂမ်ဘီယာဘက်က လျှောက်ထားချက်မှာတော့ ဂျီနိုဆိုက်လို့ အသုံးပြုနေပါတယ်။ တပ်မတော်အရာရှိ အဆင့်ဆင့်ကို ရာဇဝတ်မှုနဲ့ပတ်သက်ပြီး သက်သေတွေ ဖော်ပြတယ်။ သက်သေစံနှုန်းဆိုတာလည်း ဒီကိစ္စမှာ ဖော်ပြထားတာရှိတယ်။ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၀၀ မှာ စာလုံး ၁၈၀ က ရိုဟင်ဂျာလူထုကို နယ်မြေက စွန့်ခွာအောင် လုပ်တယ်လို့ ဖော်ပြတယ်။ ပျက်စီးအောင်လုပ်တယ်လို့ မဖော်ပြထားဘူး။ ရိုဟင်ဂျာတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအရ ပျက်စီးအောင် လူမျိုးတုံးမှုအခြေအနေကို မဖော်ပြထားပါဘူး။ ရခိုင်က အချက်အလက်တွေ ရခိုင်မှာ ကျူးလွန်ခဲ့တဲ့ အခြေအနေက လူမျိုးတုံးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတယ်လို့ ဖော်ပြတယ်။  -ဒီကိစ္စကို ဦးတည်ဖို့ လှုံ့ဆော်နေသလို ဖြစ်တယ်။ အချက်အလက်တွေကတော့ ညွှန်းဆိုမှုတော့ မရှိပါဘူး။ အစားအသောက် ငတ်ပြတ်အောင်လုပ်တယ်လို့ ဖော်ပြတာရှိသလို ပစ်မှတ်ထားတဲ့ အုပ်စုအနေနဲ့ ထွက်ပြေးလို့မရအောင် လုပ်ထားတယ်၊ သွားလို့လာလို့မရအောင် ပိတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကလည်း ရုပ်ပိုင်းဆိုင်ရာ ပျက်သုဉ်းအောင်လုပ်တယ်လို့ ပြောလို့မရပါဘူး။ ၂၀၁၆ ကတည်းက အာဆာရဲ့ အဖွဲ့အစည်းတွေရဲ့ကိစ္စတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ နယ်မြေ ရှင်းလင်းမှုနဲ့ ပတ်သက်ပြီး လူတွေ အများကြီး ထွက်ပြေးတယ်လို့ ဖော်ပြပါတယ်။ -မြန်မာနိုင်ငံရဲ့အနေအထားကို ကျိုးကြောင်းဆင်ခြင် စဉ်းစားမယ်ဆိုရင် ၁ သန်းကျော်ရှိတဲ့အထဲက ၁ သောင်းကျော်လောက် ပျက်စီးတယ်ဆိုတာ ခရိုအေးရှားလို လို့ ပြောလို့ရမလား။ -ဂမ်ဘီယာက လျှောက်ထားတယ်ဆိုပေမယ့် အိုအိုင်စီ ကိုယ်စား ဂမ်ဘီယာက တင်သွင်းခြင်း ဖြစ်တယ်။ ဂမ်ဘီယာက အိုအိုင်စီအဖွဲ့ဝင်လည်း ဖြစ်တယ်။ အိုအိုင်စီအဖွဲ့ကလည်း ဒီဖြစ်စဉ်မှာ ပါဝင်တာ ဖြစ်တယ်။ ဒီနှစ် မတ်လမှာ ဒီကိစ္စကို စတင်လာပြီ ဂျီနိုစိုက်ကွန်ဗင်းရှင်းကို အခြေခံပြီး ဩဂုတ်လမှာ တင်သွင်းတာ ဖြစ်တယ်။ ၁၁ ရက် နိုဝင်ဘာကျမှ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတာ ကြေညာတာ ဖြစ်တယ်။  -အိုအိုင်စီ ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကော်မတီကို ဂမ်ဘီယာက ဦးဆောင်ခဲ့တယ်။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေနဲ့သာ အသုံးပြုဖို့ ပြောတယ်။ အဓိကကတော့ လူမျိုးတုံးစေမှု အခြေအနေကနေ ကာကွယ်ဖို့ဆိုတဲ့အပိုင်းကနေ သွားတယ်။ ကျူးလွန်တယ်လို့ မဖော်ပြဘူး။ ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတယ်။ သူတို့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရတယ်။  -အိုအိုင်စီက ထုတ်ပြန်တဲ့ ဒါကာ ကြေညာချက်မှာ ဂျီနိုဆိုက်ဆိုတဲ့ စကားလုံးကို မဖော်ပြပါဘူး။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ထားခြင်း မရှိပါဘူး။  -ဂမ်ဘီယာရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဂမ်ဘီယာက ဥပဒေလမ်းကြောင်းအရ သွားတာကို အသိအမှတ်ပြုတယ်လို့ ဖော်ပြတယ်။ မြန်မာနိုင်ငံကို ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြတယ်။  -အုပ်စုတစုလုံးကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးပါစေဆိုတဲ့ ရည်ရွည်ချက်ပါရောပါရဲ့လား။ တိုက်ခိုက်သူ တွေနဲ့ အာဆာတွေ ကျဆုံးတာကျတော့ ဓာတ်ပုံတွေဖော်ပြတယ်။ အစုလိုက် အပြုံလိုက် သင်္ချိုင်းတွေ လည်း မပြဘူးလေ။ ဘာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပါ။ လူတွေ သေသွားတယ်ဆိုတာ။ လူ ၁ သောင်း လောက် သေသွားတယ်ဆိုတာ လူအုပ်စုတခုကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးအောင် လုပ်တယ်ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ 
1 year Ago
Up