I Still Believe

March 11, 2020

ဖြစ်ရပ်မှန်အခြေပြု ဂီတဒရာမာ ဟောလိဝုဒ်ရုပ်ရှင် - I Still Believe (နမူနာ)

ဖြစ်ရပ်မှန်အခြေပြု Music Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ I Still Believe ကို နိုင်ငံတကာမှာ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ်ဒါရိုက်တာညီနောင် Erwin Brothers က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါ တယ်။ I Still Believe ဆိုတာကတော့ American Christian Music အဆိုတော်တ ယောက်ဖြစ်တဲ့ Jeremy Camp ရဲ့ သီချင်းတပုဒ်ပါ။ Camp ဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်လောက်မှာ ချစ်သူ Melissa နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံအကြောင်း မ လှစွာပဲ Melissa ဟာ တနှစ်အကြာမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ ပါတယ်။ အဲဒီအချိန်မှာ Melissa ဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး Camp လည်း 23 နှစ်သာ ရှိပါသေးတယ်။ I Still Believe သီချင်းကတော့ Melissa ကွယ်လွန်ပြီးချိန်မှာ Camp က အမှတ်တရအနေနဲ့ ရေးစပ်သီဆိုပေးခဲ့တဲ့ သီချင်းပါ။ ဒီအကြောင်းအရာတွေ နဲ့အတူ ဘယ်လို လွမ်းဆွေးစရာ၊ ကြည်နူးစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံ ဖော်ထားမလဲ ဆိုတာကတော့ မကြာခင်မှာပဲ ဒီကားထဲမှာ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ နယူးဇီလန် လူငယ်သရုပ်ဆောင်မင်းသား KJ Apa ၊ သရုပ် ဆောင်မင်းသမီး Britt Robertson တို့က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီး Country အဆိုတော် Shania Twain ကလည်း Camp ရဲ့ မိခင်နေရာက အားဖြည့် ပါဝင် ထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၅ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်း တွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။
2 years Ago
Up