Hyundai ကားစက်ရုံ

May 25, 2021

အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့် Hyundai ကားစက်ရုံ ယာယီပိတ်

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် ကိုရီးယားရဲ့ နာမည်ကြီး ကားကုမ္ပဏီတခုဖြစ်တဲ့ Hyundai က သူ့ရဲ့ စက်ရုံလုပ်ငန်းကို ယာယီရပ်ဆိုင်း သွားမယ်လို့ ဆိုပါ တယ်။

 Hyundai ကားကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ကားထုတ်လုပ် ရေးလုပ်ငန်းတခုဖြစ်ပြီး လက်ရှိမှာတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း  တမီလ်နာဒူပြည်နယ်ထဲက သူ့ရဲ့ စက်ရုံကို ဒီကနေ့ကစ ၅ ရက်ပိတ်သွားမယ်လို့ တာဝန်ရှိသူတယောက်က ပြောလိုက်တာပါ။

ခုလိုဆုံးဖြတ်ချက်ဟာ စက်ရုံတွင်း အလုပ်သမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး တခြားလုပ်သားတွေကြား ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကနေ ကာကွယ် နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တမီလ်နာဒူပြည်နယ်ဟာ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အဆိုးဝါးဆုံး ပြည်နယ်တခုဖြစ်ပြီး ‌ဒေသတွင်း ကူးစက်မှုတွေကြောင့် မေလမကုန်ခင်ထိ တချို့သော လုပ်ငန်းတွေကလွဲ စက်ရုံတွေကို လော့ခ်ဒေါင်းလုပ်ထားရတာ ဖြစ်ပါတယ်။

Hyundai ကားကုမ္ပဏီအနေနဲ့ တခြားသော နိုင်ငံတကာ စက်ရုံတွေကိုတော့ လည် ပတ်နေဆဲဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ Hyundai ကားစက်ရုံ ၇ ခုရှိနေပြီး တရုတ်နိုင်ငံမှာ ၄ ခု၊ အမေရိကန်နိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ တူရကီနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဘရာဇီးနိုင်ငံ တွေမှာ ၁ ခုစီရှိနေတာဖြစ်ကာ ကားစီးရေ ၅ ဒသမ ၅ သန်းထိ ထုတ်လုပ်နိုင်ပါတယ်။

7 months Ago
Up