Hotel Quarantine ‌

A d v e r t i s e m e n t With Us

May 29, 2020

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ Hotel Quarantine စဝင် ‌

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် ကိုယ်စားလှယ်တွေ မေလ ၂၉ ရက် နေ့လည်ပိုင်းက စတင်ကာ သတ်မှတ်ထားတဲ့ ဟိုတယ်မှာ   Quarantine စဝင်နေပြီး  မေလ ၃၀ ရက်မှာ (swab) ဓာတ်ခွဲနမူနာရယူ စစ်ဆေးမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ဇွန် ၂ ရက်မှ ၉ ရက်အထိ တဆက်တည်းကျင်းပမှာဖြစ်ပြီး လွှတ်တော်နဲ့ ဟိုတယ်မှတပါး ပြင်ပသို့ ဝင်ထွက်သွားလာခွင့် မရှိဘူးလို့ သိရပါတယ်။  ဒီနေ့လွှတ်တော်သို့ စာရင်းပေးသတင်းပေးပို့ထားတဲ့ ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၈၂ ဦး ရှိကြောင်း သိရပါတယ်။ လာမယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အပူချိန်တိုင်းစစ်ဆေးတာတွေနဲ့ လွှတ်တော်အမတ်တွေ ထိုင်မယ့် ထိုင်ခုံတွေကို ၆ ပေအကွာ ခြားထားပြီး လက်ဆေး ဘေစင်တွေလည်း ထားရှိတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA
9 months Ago
Up