Hospital Quarantine

April 10, 2020

သထုံနှင့် သံဖြူဇရပ်ဆေးရုံတွင် Hospital Quarantine ထားရှိသူ ၂ ဦးကွယ်လွန်

မွန်ပြည်နယ်၊ သထုံပြည်သူ့ဆေးရုံနဲ့ သံဖြူဇရပ်ဆေးရုံတွေမှာ Hospital Quarantine ထားရှိသူ ၂ ဦး  ဒီကနေ့ မနက်က ကွယ်လွန်သွားတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ဒီဗွီဘီ ကို ပြောပါတယ်။  သေဆုံးသူတွေမှာ COVID-19 ရောဂါရှိမရှိ သိရဖို့ ဓာတ်ခွဲနမူနာ  ရန်ကုန်ကိုပို့ဆောင်ထားပြီး ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်အဖြေတွေကိုတော့  ဒီနေ့ ညပိုင်းမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။  မော်လမြိုင်မှာလည်းလူ နှစ်ဦးသေဆုံးတယ်လို့ အင်တာနက်မှာ ရေးသားနေပေမဲ့လည်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ဆီကို သတင်းပို့တာမရှိသေးဘူးလို့လည်း ပြည်နယ်ဦးစီးမှူး  ဒေါက်တာ ထွန်းအောင်ကြည်က ပြောပါတယ်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာတော့  ထိုင်းကပြန်လာတဲ့ အသက် (၂၄)နှစ်အရွယ် အမျိုးသမီး တဦးမှာ COVID-19 ရောဂါတွေ့ရှိကြောင်း ကျန်းမာရေးဌာနက ဒီမနက်အစောပိုင်းက အတည်ပြု ထုတ်ပြန်ထားပါတယ်။ 
1 year Ago

March 31, 2020

ချောက်မြို့ ပြည်သူ့ဆေးရုံတွင်  Hospital Quarantine လူနာ ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ပြည်သူ့ဆေးရုံကို အသက် ၃၀ အရွယ် အမျိုးသား လူနာ တဦး ဒီကနေ့ မတ်လ ၃၁ ရက် မနက်ကရောက်ရှိလာပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်စစ်ဆေး  Hospital Quarantine လုပ်ထားစဉ် မွန်းလွဲ ၃ နာရီလောက်မှာ သေဆုံးသွားတယ်လို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ “ကုသဖို့ လမ်းညွှန်ချက် ထွက်ထားတဲ့ အထဲက အေဘီစီ ထဲမှာ စီထဲမှာဝင်ပါတယ်။ Hospital Quarantine လူနာ မနက်ပိုင်းက ရောက်လာပြီးတော့ ဆေးရုံကိုလာကတည်းက သတိလစ်၊ ဖျားနာ ၊ အော့အန်နေတာ လိုအပ်တဲ့ လုပ်ငန်းတွေ လုပ်တယ်။ အထက်အဆင့်ကို သတင်းပို့ထားတယ်” လို့ ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ချောက်မြို့မှာနေထိုင်သူဖြစ်ပြီး COVID-19 ဖြစ်ပွားရာဒေသတွေကို ခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသလို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဦးခေါင်း ခွဲစိပ်ကုသမှုခံယူခဲ့ရဖူးပါတယ်။ သေဆုံးသူမှာ COVID-19 ရောဂါ ရှိ မရှိသိရဖို့  အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမှာဖြစ်ပြီး သူနဲ့အတူနေတဲ့ မိသားစုလေးဦးကိုလည်း Home Quarantine ထားရှိဖို့  စီစဉ်နေပါတယ်။   သတင်း- ကိုလင်း(ချောက်)
1 year Ago
Up