Home Quarantine

June 23, 2021

လားရှိုးမြို့တွင် Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ

လားရှိုးမြို့မှာ Home Quarantine ထားရှိသူ အမျိုးသားတစ်ဦး ဇွန် ၂၂ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွား‌ခဲ့တယ်လို့ သိရပါတယ်။

ကူညီဆောင်ရွက်‌‌ပေးနေတဲ့ ပရဟိတအသင်း အဖွဲ့ဝင်တစ်ဦးက "မနေ့တုန်းက suicide လုပ်သွားတာ တစ်ယောက်ရှိတယ်လေ Home Quarantine မှာ။ ဒါပေမယ့် သူက အရက်‌ကြောင်ကြောင်တာ ကြားတယ်။ အဲတော့ သူ့အမျိုးသမီးကို စစ်တယ်။ သူ့အမျိုးသမီးမှာလည်း တွေ့တယ်။ သူ့အမျိုးသမီးကိုလည်း ဆေးရုံပို့လိုက်တယ်" လို့ ပြောပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူက လားရှိုးမြို့ အမှတ် (၉) ရပ်ကွက် နယ်မြေ (၁၀) မှာ နေထိုင်တာဖြစ်ပြီး ဇွန် ၂၂  ရက်နေ့က နေအိမ်အခန်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူကို ကျန်းမာရေးလမ်းညွှန်ချက်‌တွေနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လားရှိုးမြို့မှာ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ရောဂါအခံကြောင့် မန္တလေးမြို့လွှဲပြောင်း ဆေးကုသမှု ခံယူနေရတဲ့ လူနာတစ်ဦးလည်း ဇွန် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ ဇွန် ၂၂ ရက်နေ့က ရရှိတဲ့အချက်အလက်တွေအရ အဆုံးစီရင်သွားသူ အပါအဝင် ပိုးတွေ့လူနာသစ် တစ်ရက်တည်း စံချိန်တင် ၅၈ ဦး ထိ ပိုးတွေ့နှုန်းတိုးလာပြီး ဇွန်လ ၈ ရက်မှ ဇွန်လ ၂၂ ရက်ထိ ကိုဗစ်ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိပြီး ရောဂါ ပျောက်ကင်းသက်သာသူ ၂၄ ဦးနဲ့ အဆုံးစီရင်သွားသူ အပါ သေဆုံးသူ ၂ ဦး ရှိပါတယ်။

ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ ဈေး နဲ့ တက်စပ်နေရာတွေကို ၂ ပတ်တိတိ လော့ခ်ဒေါင်းချထားပါတယ်။

Pra Jaw

Photo Credit - ဝသုန်

7 months Ago

August 21, 2020

စစ်တွေကလာသူများ Home Quarantine ဝင်ရမည်ဟု ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးပြော

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ ကျောက်ဖြူမြို့ကို လာရောက်တဲ့သူတွေ ဆေးစစ်မှုခံယူရမှာဖြစ်ပြီး Home Quarantine ထားရှိသွားမယ်လို့ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေကိုတော့ ဓာတ်ခွဲနမူနာစစ်ဆေးပြီး Facility Quarantine ထားရှိသွားမယ်လို့ ဆိုပါတယ်။ ‌ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်းက “စစ်တွေကလာရင် ဆေးစစ်မယ်၊ Home Quarantine ထားမယ်၊ နောက်ပြီးတော့ အဲဒီမှာ လူနာတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံနေထိုင်ခဲ့တဲ့သူတွေကို Swab ယူမယ်၊ ၂ မျိုးကွာ၊ တခုက စစ်တွေကလာလို့ နာမည်စာရင်းပေးထားတာတွေရှိတယ်။ ဒီရောဂါဖြစ်တဲ့သူတွေနဲ့ ထိတွေ့ ထားတဲ့သူတွေရှိတယ်၊ အနီးစပ်ဆုံးပေါ့။ အဲဒီလူတွေအကုန်လုံးကိုတော့ Quarantine ထားပြီးတော့ Swab ယူမယ်၊ သူတို့ကိုတော့ သီးသန့်ထားမယ်၊ ကျန်တဲ့သူတွေကတော့ ဘာမှထိတွေ့မှုမရှိတဲ့ သူတွေကတော့ ဆေးရုံမှာ ဆေးစစ်မယ်၊ Home Quarantine ထားမယ်၊ လိပ်စာတွေယူထားမယ်၊ အခုအခြေအနေကတော့ အဲဒီအတိုင်းပဲပေါ့” လို့ ပြောပါတယ်။ စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တွေ့ရှိလာပြီးနောက် ကျောက်ဖြူခရိုင်မှာ သက်ဆိုင်ရာဌာနအလိုက် ကိုဗစ်-၁၉ အသိပညာပေးနှိုးဆော်တာတွေနဲ့ စည်းကမ်းတင်းကျပ်တာတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဦးသန်းထွဋ်ဦးက “စည်ပင်ကတော့ မနေ့ကတည်းကစပြီး နှိုးဆော်တာတွေ လုပ်တယ်လို့ ပြောတယ်၊ ဒီနေ့လည်းလိုက်အော်လိုက်မယ်၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ မလို အပ်ရင်အပြင်မထွက်ပါနဲ့ အဓိကတော့ အဲဒီ ၄ ချက်ပေါ့။ လိုက်နာမှုအားနည်းနေတာတွေကိုတော့ ကျနော်တို့ကတင်းကျပ်မယ်လေ၊ ပထမအကြိမ်ပညာပေးမယ်၊ ပညာပေးလို့မရဘူးဆိုရင်တော့ ထုံးစံအတိုင်း ဥပဒေအရအရေးယူမှာပေါ‌ေ။ အခုတော့ အကုန်လုံးကို လူစုလူဝေးလုပ်မဲ့ ဆိုင်တွေကိုလည်း အကုန်လိုက်ပြီးတော့ နှိုးဆော်နေတယ်၊ နှိုးဆော်လို့မှမပြင်ရင် အဲဒီဆိုင်ကို ၃ ရက်ပိတ်ဖို့ ညွှန်ကြားပြီးသား၊ နောက်နေ့တွေမှာလည်း မပြင်ရင် အပြီးပိတ်သိမ်းဖို့အတွက် ဒါတွေကို အရေးယူဖို့အတွက် လုပ်နေတယ်” လို့ ပြောပါတယ်။ ကျောက်ဖြူခရိုင်မှာ လက်ရှိအချိန်ထိ COVID-19 ရောဂါကူးစက်သူမရှိပေမဲ့ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ(၁၆)ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ တိုးလာနေတာကြောင့် ကျောက်ဖြူမြို့ဒေသခံတွေအနေနဲ့ ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အခုလို စီစဉ်တာလို့ ဆိုပါတယ်။ နောင်နောင်
1 year Ago
More News
Up