HIV ဆေးရုံ

September 7, 2019

ပုပ်ရဟန်းမင်းကြီး မိုဇမ်ဘစ်နိုင်ငံ ခရီးစဉ်အတွင်း  HIV ဆေးရုံ သွားရောက်ကြည့်ရှု

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ မိုဇမ်ဘစ်နိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ စက်တင်ဘာ ၆ ရက်မှာ   မြို့တော် မာပူတို ဆင်ခြေဖုံးက HIV ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ အဲဒီဆေးရုံဟာ HIV-AIDS ကူးစက်ခံ မိခင်တွေနဲ့ ကလေးငယ်တွေကို ကုသပေးနေပြီး အီတလီ ကုသိုလ်ဖြစ်အဖွဲ့တခုက ဦးစီးလုပ်ကိုင်နေတာပါ။ ဆေးရုံ လာရောက်ကြည့်ရှုတဲ့ ပုပ်ရဟန်းမင်းကြီးကို မိုဇမ်ဘစ်ပြည်သူတွေက မိုးထဲ ရေထဲမှာ သီဆိုကခုန်ပြီး ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ HIV-AIDS ကူးစက်ခံ မိခင်တွေနဲ့ ကလေးငယ်တွေကို ကောင်းချီးမပေးခင် ခေတ္တစကားပြောဆိုခဲ့ပါတယ်။ အဲဒီဆေးရုံဟာ  ဆင်းရဲတဲ့ဒေသတွေက ကျန်းမာရေးစရိတ် မတတ်နိုင်တဲ့ လူနာ  ၂၀၀၀ ကျော်ကို ဆေးကုသပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဆေးရုံဟာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေး စစ်ဆေးခြင်းတွေ ပြုလုပ်ပေးပါတယ်။ အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ  ဇင်ပက်တို ကစားကွင်းမှာ သောင်းနဲ့ချီတဲ့  မိုဇမ်ဘစ်ပြည်သူတွေကို ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပုပ္ရဟန္းမင္းႀကီး မိုဇမ္ဘစ္ႏိုင္ငံ ခရီးစဥ္အတြင္း  HIV ေဆး႐ုံ သြားေရာက္ၾကည့္ရႈ ပုပ္ရဟန္းမင္းႀကီး ဖရန႔္စစ္ရဲ႕ မိုဇမ္ဘစ္ႏိုင္ငံ ခရီးစဥ္ ေနာက္ဆုံးေန႔ စက္တင္ဘာ ၆ ရက္မွာ   ၿမိဳ႕ေတာ္ မာပူတို ဆင္ေျခဖုံးက HIV ေဆး႐ုံကို သြားေရာက္ခဲ့ပါတယ္။ အဲဒီေဆး႐ုံဟာ HIV-AIDS ကူးစက္ခံ မိခင္ေတြနဲ႔ ကေလးငယ္ေတြကို ကုသေပးေနၿပီး အီတလီ ကုသိုလ္ျဖစ္အဖြဲ႕တခုက ဦးစီးလုပ္ကိုင္ေနတာပါ။ ေဆး႐ုံ လာေရာက္ၾကည့္ရႈတဲ့ ပုပ္ရဟန္းမင္းႀကီးကို မိုဇမ္ဘစ္ျပည္သူေတြက မိုးထဲ ေရထဲမွာ သီဆိုကခုန္ၿပီး ႀကိဳဆိုႏႈတ္ဆက္ၾကပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ HIV-AIDS ကူးစက္ခံ မိခင္ေတြနဲ႔ ကေလးငယ္ေတြကို ေကာင္းခ်ီးမေပးခင္ ေခတၱစကားေျပာဆိုခဲ့ပါတယ္။ အဲဒီေဆး႐ုံဟာ  ဆင္းရဲတဲ့ေဒသေတြက က်န္းမာေရးစရိတ္ မတတ္ႏိုင္တဲ့ လူနာ  ၂၀၀၀ ေက်ာ္ကို ေဆးကုသေပးခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီေဆး႐ုံဟာ ေဒသခံျပည္သူေတြအတြက္ က်န္းမာေရး စစ္ေဆးျခင္းေတြ ျပဳလုပ္ေပးပါတယ္။ အဲဒီေနာက္မွာေတာ့ ပုပ္ရဟန္းမင္းႀကီးဟာ  ဇင္ပက္တို ကစားကြင္းမွာ ေသာင္းနဲ႔ခ်ီတဲ့  မိုဇမ္ဘစ္ျပည္သူေတြကို ဦးေဆာင္ၿပီး ဝတ္ျပဳဆုေတာင္းခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up