HELLAS OPEN 2019

August 12, 2019

HELLAS OPEN 2019 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယရရှိ

ဂရိနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ HELLAS OPEN 2019 ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မလေးရှားကစားသမား ကီဆိုနာကို ၂ ပွဲပြတ် ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဗိုလ်လုပွဲမှာ သက်ထားသူဇာဟာ ကီဆိုနာကို ၁၄-၂၁၊ ၉-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ သက်ထားသူဇာက ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကစားသမား လီအိုနိုက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ HELLAS OPEN 2019 ပြိုင်ပွဲကို ဩ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ၁၆ ယောက်အဆင့်မှာ သက်ထားသူဇာဟာ ပိုလန်ကစားသမား ဒါဘာချန်စတာကို နှစ်ပွဲပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာတော့ ယူကရိန်းကစားသမား နာတယ်ရာကို နှစ်ပွဲပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ လက်ရှိ အဆင့် ၈၃ မှာ ရပ်တည်နေပါတယ်။ သက်ထားသူဇာဟာ အခုပြိုင်ပွဲပြီးရင် ဘူဂေးရီးယားနိုင်ငံမှာ ဩဂုတ် ၁၂ ရက်နေ့ ကျင်းပမယ့် Bulgarian Open Championship 2019 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version HELLAS OPEN 2019 ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ဒုတိယရရွိ ဂရိႏိုင္ငံမွာ မေန႔က က်င္းပခဲ့တဲ့ HELLAS OPEN 2019 ၿပိဳင္ပြဲ ဗိုလ္လုပွဲမွာ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ မေလးရွားကစားသမား ကီဆိုနာကို ၂ ပြဲျပတ္ ရႈံးနိမ့္ၿပီး ဒုတိယဆုနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဗိုလ္လုပြဲမွာ သက္ထားသူဇာဟာ ကီဆိုနာကို ၁၄-၂၁၊ ၉-၂၁ နဲ႔ ရႈံးနိမ့္ခဲ့တာပါ။ သက္ထားသူဇာက ဆီမီးဖိုင္နယ္မွာ ျပင္သစ္ကစားသမား လီအိုႏိုက္ကို အႏိုင္ယူၿပီး ဗိုလ္လုပြဲ တက္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။ HELLAS OPEN 2019 ၿပိဳင္ပြဲကို ဩ ၈ ရက္ကေန ၁၁ ရက္အထိ က်င္းပခဲ့တာျဖစ္ၿပီး ၁၆ ေယာက္အဆင့္မွာ သက္ထားသူဇာဟာ ပိုလန္ကစားသမား ဒါဘာခ်န္စတာကို ႏွစ္ပြဲျပတ္ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့တာပါ။ ကြာတားဖိုင္နယ္မွာေတာ့ ယူကရိန္းကစားသမား နာတယ္ရာကို ႏွစ္ပြဲျပတ္ အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္မွာ လက္ရွိ အဆင့္ ၈၃ မွာ ရပ္တည္ေနပါတယ္။ သက္ထားသူဇာဟာ အခုၿပိဳင္ပြဲၿပီးရင္ ဘူေဂးရီးယားႏိုင္ငံမွာ ဩဂုတ္ ၁၂ ရက္ေန႔ က်င္းပမယ့္ Bulgarian Open Championship 2019 ၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္သြားမယ္လို႔ သိရပါတယ္။
2 years Ago

August 11, 2019

HELLAS OPEN 2019 ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်လုပွဲတက်ရောက်

ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ HELLAS OPEN 2019 ပြိုင်ပွဲဝင်နေတဲ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်နိုင်ငံက ကစားသမား LéOnice HUET ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ သက်ထားသူဇာဟာ ပြင်သစ်ကစားသမားကို ပထမပွဲမှာ ၂၁-၁၆၊ ဒုတိယပွဲမှာ ၁၃-၂၁၊ နောက်ဆုံးပွဲမှာတော့ ၂၁-၁၇ နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ဗိုလ်ပွဲကို တက်လှမ်းခဲ့တာပါ။ HELLAS OPEN 2019 ပြိုင်ပွဲကို ဩ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ၁၆ ယောက်အဆင့်မှာ သက်ထားသူဇာဟာ ပိုလန်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။  ကွာတားဖိုင်နယ်မှာတော့ ယူကရိန်းကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ HELLAS OPEN 2019 ဗိုလ်လုပွဲမှာတော့ သက်ထားသူဇာဟာ မလေးရှားနိုင်ငံမှ ကစားသမား KISONA Selvaduray နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ လက်ရှိ အဆင့် ၈၃ မှာ ရပ်တည်နေပါတယ်။ သက်ထားသူဇာဟာ အခုပြိုင်ပွဲပြီးရင် ဘူဂေးရီးယားနိုင်ငံမှာ ဩဂုတ် ၁၂ ရက်နေ့ ကျင်းပမဲ့ Bulgarian Open Championship 2019 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဓာတ်ပုံ-သက်ထားသူဇာ ဖေ့ဘွတ်ခ်
Zawgyi Version HELLAS OPEN 2019 ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ဗိုလ္လုပြဲတက္ေရာက္ DVB ဂရိႏိုင္ငံမွာ က်င္းပေနတဲ့ HELLAS OPEN 2019 ၿပိဳင္ပြဲဝင္ေနတဲ့ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ျပင္သစ္ႏိုင္ငံက ကစားသမား LéOnice HUET ကို အႏိုင္ယူၿပီး ဗိုလ္လုပြဲ တက္ေရာက္သြားပါတယ္။ သက္ထားသူဇာဟာ ျပင္သစ္ကစားသမားကို ပထမပြဲမွာ ၂၁-၁၆၊ ဒုတိယပြဲမွာ ၁၃-၂၁၊ ေနာက္ဆုံးပြဲမွာေတာ့ ၂၁-၁၇ နဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားၿပီး ဗိုလ္ပြဲကို တက္လွမ္းခဲ့တာပါ။ HELLAS OPEN 2019 ၿပိဳင္ပြဲကို ဩ ၈ ရက္ကေန ၁၁ ရက္အထိ က်င္းပေနတာျဖစ္ၿပီး ၁၆ ေယာက္အဆင့္မွာ သက္ထားသူဇာဟာ ပိုလန္ကစားသမားကို ႏွစ္ပြဲျပတ္အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ကြာတားဖိုင္နယ္မွာေတာ့ ယူကရိန္းကစားသမားကို ႏွစ္ပြဲျပတ္အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ HELLAS OPEN 2019 ဗိုလ္လုပြဲမွာေတာ့ သက္ထားသူဇာဟာ မေလးရွားႏိုင္ငံမွ ကစားသမား KISONA Selvaduray နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္မွာ လက္ရွိ အဆင့္ ၈၃ မွာ ရပ္တည္ေနပါတယ္။ သက္ထားသူဇာဟာ အခုၿပိဳင္ပြဲၿပီးရင္ ဘူေဂးရီးယားႏိုင္ငံမွာ ဩဂုတ္ ၁၂ ရက္ေန႔ က်င္းပမဲ့ Bulgarian Open Championship 2019 ၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္သြားမယ္လို႔ သိရပါတယ္။ ဓာတ္ပုံ-သက္ထားသူဇာ ေဖ့ဘြတ္ခ္
2 years Ago
Up