Hard Rock

October 21, 2019

Hard Rock ဟိုတယ်နံရံ ကြောက်မက်ဖွယ်ပြိုကျခဲ့သည့် ဗွီဒီယိုဖိုင် ထွက်ပေါ် (ရုပ်သံ)

အမေရိကန်နိုင်ငံ Hard Rock ဟိုတယ်ရဲ့အပြင်ဘက် နံရံအစိတ်အပိုင်းတစ်ခု ပြိုကျလာတာကို အပျော်တမ်း ဗွီဒီရိုသမားတဦးက အမိအရ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။  ဒီဖြစ်ရပ်ဟာ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီနံရံကြီး ပြိုကျလာတာကို အမေရိကန်နိုင်ငံ နယူးအော်လင်းက ဓာတ်ရထားတစီးပေါ်မှာရှိနေတဲ့ ခရီးသည်တွေ ထိတ်လန့်တကြားနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။  ရိုက်ကူးလိုက်နိုင်တဲ့ ဗွီဒီယိုဖိုင်မှာ ဟိုတယ်ရဲ့ နံရံဟာ အပြင်ဘက်ကို ပြိုကျလာခဲ့တာ တွေ့ရပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတချို့ကလည်း အကူအညီပေးဖို့ အော်ဟစ်တောင်းဆိုခဲ့ကြပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက ဖုန်မှုန့်တွေ၊ မီးခိုးတွေကို ရှင်းလင်းပြီး သွားရောက်ကယ်ဆယ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပြီး အနည်းဆုံးလူ သုံးဦး ပျောက်ဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ပြိုကျသွားတဲ့ ဟိုတယ်ဟာ  ဆောက်လုပ်နေဆဲ အခြေအနေမှာပဲ ရှိနေသေးပြီး ပြိုကျချိန်ဟာ ဒေသစံတော်ချိန် ၁၄း ၁၂ နာရီအချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်။
2 years Ago
Up