Hand Sanitizer

March 26, 2020

ဘရာဇီး ဘီယာကုမ္ပဏီ လက်ဆေးရည် ၅ သိန်း ထုတ်နိုင်သည့် စက်ရုံအဖြစ် ပြောင်းလဲ

အယ်လ်ကိုဟောအရည်တွေ ပိုမိုရှားပါးလာပြီး လိုအပ်ချက်ကလည်း ပိုများလာနေတာကြောင့် ဘရာဇီးဘီယာ ကုမ္ပဏီတခုဟာ သူတို့ရဲ့ဘီယာချက်စက်ရုံတခုကို လက်ဆေးရည် Hand Sanitizer ငါးသိန်း ထုတ်နိုင်တဲ့ စက်ရုံတရုံအဖြစ် ပြောင်းလဲလိုက်ကြောင်း မတ်လ ၂၆ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  Ambev SA လို့ခေါ်တဲ့ အဲဒီစက်ရုံဟာ ဘရာဇီးဒေသခံ ဘီယာထုတ်လုပ်ရေးကုမ္ပဏီ Anheuser Busch InBev ရဲ့ ကုမ္ပဏီခွဲ တခုပါ။  ပြီးခဲ့တဲ့အပတ်ကတည်းက လက်ဆေးရည် ပြတ်လပ်မှုကို ဖြည့်ဆည်းဖို့ ဆော်ပေါ်လိုမြို့၊ ရီယိုဒီဂျနေးရိုးနဲ့ ဘရာစီးလီယားမြို့တွေဆီက ဆေးရုံတိုင်းဆီကို ဆေးပုလင်း ၅ ထောင်စီ ပို့ပေးဖို့ စီမံထားတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။ ကုမ္ပဏီကတော့ ဆေးပုလင်းပေါင်း ၅ သိန်းကို  ထုပ်ပိုးပြင်ဆင်ထားပြီး၊ အယ်လ်ကိုဟောကိုတော့ ရီယိုပြည်နယ်ထဲက တခြားဘီယာစက်ရုံတွေဆီကပါ ရယူတယ်လို့ ဆိုပါတယ်။  လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံ ဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာ မတ် ၂၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၅၄၄ ဦးနဲ့ သေဆုံးသူ ၅၉ ဦးရှိပြီလို့ သိရပါတယ်။
2 years Ago
Up