H1N1 ကူးစက်ရောဂါ သံသယလူနာ ၂ ဦး ရန်ကုန်တွင်သေဆုံး

A d v e r t i s e m e n t With Us

April 24, 2020

ဖျာပုံဆေးရုံတွင် ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ဖျာပုံပြည်သူ့ဆေးရုံကြီး၊ သံဃာ့ဆေးရုံ ဆေးကုသဆောင်မှာ သံသယလူနာ အမျိုးသား ၁ ဦးကို စောင့်ကြည့်ကုသမှု ပေးနေပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမယ်လို့  ဆေးရုံက သိရပါတယ်။   ဖျာပုံမြို့၊ (၁၇)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ဆိုင်ကယ်ကယ်ရီမောင်းသမားတဦးဟာ ဧပြီ ၂၀ ရက်ကစပြီး  ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှုမဝခြင်း၊ လည်ချောင်းနာခြင်းတွေ ဖြစ်ပေါ်နေလို့ ဧပြီ ၂၃ ရက်မှာ  သံသယရှိသူအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာများရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင်ကာ COVID-19 ကူးစက်ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ဖို့ ဆေးရုံက စီစဉ်နေပါတယ်။ သံသယလူနာဟာ  ပြည်ပခရီးသွားခဲ့တာ မရှိဘဲ အဆုတ်ရောင်ရောဂါအခံရှိသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။  အဆိုပါ သံသယလူနာမှာ  အတူနေ မိသားစုဝင် ၄ ဦးရှိပြီး သူတို့အားလုံးကို Home Quarantine အဖြစ် အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။ သတင်း- ကျော်စိုးမိုး  
11 months Ago

June 19, 2019

H1N1 ကူးစက်ရောဂါ သံသယလူနာ ၂ ဦး ရန်ကုန်တွင်သေဆုံး

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ သေဆုံးသွားတယ် လို့ သံသယရှိတဲ့ အမျိုးသားတယောက်ကို ဒီနေ့ ရေဝေး သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။ ဇွန် ၁၄ ရက်ကလည်း ကော့မှူးမြို့နယ်က  အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတယောက် H1N1 ရောဂါနဲ့ ရန်ကုန်ဆေးရုံးကြီးမှာသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးထံကို ကော့မှူးမြို့နယ် ကျန်းမာရေးဌာနတာဝန်ရှိသူက ပေးပို့တဲ့စာတစောင်မှာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံ တက်ရောက် ကုသသူ ၄၀၉ ယောက်ရှိခဲ့ပြီး H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၁၅၄ ယောက်၊ သေဆုံးသူ စုစုပေါင်း ၁၆ ယောက်ထိ ရှိခဲ့ပါတယ်။
2 years Ago
Up