Grade 11

May 7, 2020

Grade 11 ကျောင်းသားများကို Virtual Classroom ဖြင့် သင်ကြားနေ (ဓာတ်ပုံ)

COVID-19 ရောဂါ ကာကွယ်ဖို့ နေအိမ်တွင်မှာနေထိုင်တဲ့ (Stay at Home) ကာလအတွင်း Grade 11 ကျောင်းသားတွေအတွက် IAC ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းမှ လက်တွေ့စာသင်ခန်းအတွေ့အကြုံအတိုင်း Virtual Classroom နဲ့ ကျောင်းသားတွေကို စတင်သင်ကြားပေးနေတယ်လို့ သိရပါတယ်။ Virtual Classroom/Online learning သင်ကြားမယ့်စနစ်ကို စာသင်သားတွေ အနေနဲ့ phone (သို့) tablet(သို့) computer တလုံးရှိပါက တက်ရောက်နိုင်ပြီး ဘာသာရပ်အလိုပ် ဆရာတွေက နေ့စဉ်သင်ကြားပေးနေပါတယ်။ Zoom application ကို အသုံးပြုကာ ဆရာနဲ့တပည့်၊ သူငယ်ချင်းတွေ အားလုံး တိုက်ရိုက်ထိတွေ့ သင်ကြားနိုင်တဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ လာမယ့် ၃ လ အတွင်း ပညာရေးဝန်ကြီးဌာနက မြန်မာ ဒီဂျစ်တယ်ပညာရေးစနစ် (Myanmar Digital Education Platform – MDEP) တည်ဆောက်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ Photo - Ye Myo Khant / MPA
12 months Ago
Up