Grab အဖွဲ့ဝင်တက္ကစီ ၆၀၀ ခန့် ဆန္ဒထုတ်​​ဖော်​​နေ

May 21, 2018

Grab အဖွဲ့ဝင်တက္ကစီ ၆၀၀ ခန့် ဆန္ဒထုတ်​​ဖော်​​နေ

  Grab အွန်လိုင်း တက္ကစီကုမ္ပဏီကို ဆန့်ကျင်တဲ့အနေနဲ့ ဖဲကြိုးဖြူလှုပ်​ရှားမှုလုပ်​​နေတဲ့ ယာဉ်​​မောင်းတချို့ကို ကုမ္ပဏီက ထုတ်​ပယ်​လိုက်တဲ့အတွက်​ တက္ကစီကားမောင်းသမား ၆၀၀ ​လောက်က  Grab ​ဆော့ဝဲလ်ပတ်ပြီး ဆန္ဒထုတ်​​ဖော်​​နေပါတယ်​။ ယာဉ်​​မောင်း ကို​နေမျိုးက “ကျ​နော်​တို့ ဦး​ဆောင်​သူတချို့ကို မ​နေ့ ​နေ့လယ်​ကစပြီး ထုတ်​တာ​တွေ လုပ်​​နေပါတယ်​။ ​တောင်းဆိုချက်​ကို ညှိနှိုင်း​ပေးတာမျိုးလည်း မရှိဘူး။ ဒါ​ကြောင့် ကျ​နော်​တို့ ဒီ​ဆော့ဝဲကိုပိတ်​ပြီး နှစ်​စီး သုံးစီး တတန်းမြို့နယ်​​တွေမှာလှည့်တာ Grab ရုံးနားမှာ တနာရီ တခါလှည့်တာမျိုး ငြိမ်းချမ်းစွာ ဆန္ဒထုတ်​​ဖော်​တာပါ”လို့ ပြောပါတယ်​။ Grabမှာ အဖွဲ့ဝင်​ပြီး ယာဉ်​​မောင်း​နေတဲ့ ယာဉ်​​မောင်း​တွေ အဓိက​ တောင်းဆို တာက​တော့ ခရီးသည်​သွားလိုတဲ့ လမ်း​ကြောင်းကို ယာဉ်​​မောင်း​တွေဘက်​က သိရှိခွင့်ရဖို့ အဓိကဖြစ်​တယ်​လို့ ဆိုပါတယ်​။ ကုမ္ပဏီ ဘက်​က​တော့ ဒီလှုပ်ရှားမှုအတွက် ​ ဆွေးနွေးတာတွေ ဆက်​လုပ်​ဖို့ရှိတယ်​လို့ ဆိုပါတယ်​။ လက်​ရှိမှာ​တော့ တက္ကစီကားအစီး​ရေ ၁၀၀၀ ​လောက်​ ဖဲကြိုးဖြူလုပ်​ရှားမှုမှာ ပါဝင်​​နေတယ်​လို့ သိရပါတယ်​။
4 years Ago
Up