Gotti

June 11, 2018

မင်းသားကြီး ဂျွန်ထရာဗော်လ်တာကို ဂိုဏ်းစတားတဦးအဖြစ် မြင်တွေ့ရမည့် Gotti ရုပ်ရှင် (နမူနာ)

ဟောလိဝုဒ် နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ ဂျွန်ထရာဗော်လ်တာကို မူးယစ်ရာဇာ ဂိုဏ်းစတားတဦးအဖြစ် ရှုစားကြရမယ့် Gotti အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ရာဇဝတ်ပြစ်မှုဆိုင်ရာ အတ္ထုပ္ပတ္တိဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို ဒါရိုက်တာ ကယ်ဗင်ကွန်နော်လီက ရိုက်ကူးခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့တုန်းက ကိန်းရုပ်ရှင်ပွဲတော်မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားကတော့ အမေရိကန်သမိုင်းမှာ Gambino Crime Family ဆိုပြီး လူသိများခဲ့တဲ့ ဂိုဏ်းစတား မိသားစုခေါင်းဆောင် အီတလီ-အမေရိကန်ကပြား ဂျွန်ဂေါ့တီ (John Gotti) နဲ့ အင်အားအရှိန်အဝါ ကြီးမားခဲ့တဲ့ သူ့မျိုးဆက်မိသားစုဝင်တွေ အကြောင်းကို ပုံဖော် ရိုက်ကူးထားခဲ့တာပါ။ ဂေါ့တီဆိုရင် ၂၀ ရာစု အမေရိကန်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ နာမည်ကြီး ဂိုဏ်းစတားလို့ သိကြပြီး အက်ဖ်ဘီအိုင်ကတောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရကာ နောက်ပိုင်းမှာတော့ တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ ဂျွန်ထရာဗော်လ်တာကတော့ ဒီကားရဲ့ အဓိကဇာတ်ကောင် ဂျွန်ဂေါ့တီအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး ဇနီးဖြစ်သူ ဗစ်တိုးရီးယား ဂေါ့တီ (Victoria Gotti) နေရာမှာတော့ မင်းသမီး ကယ်လီပရက်စ်တန်က ပါဝင်ထားခဲ့ကာ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကားတွေ ပါဝင်တာမို့ ဒီကားကို Rated R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
3 years Ago
Up