Golden Dawn ပါတီ

October 8, 2020

Golden Dawn ပါတီခေါင်းဆောင်များကို အပြစ်ရှိကြောင်း ဆုံးဖြတ်၊ ထောက်ခံသူများနှင့် ဂရိ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

ဂရိရဲ့လက်ယာစွန်း Golden Dawn ပါတီခေါင်းဆောင်တွေကို ရာဇဝတ်ဂိုဏ်းတခု ကြိုးကိုင်ရာမှာ အပြစ်ရှိတယ်လို့ အယူခံတရားရုံးက ဆုံးဖြတ်ပြီးနောက်မှာ အောက်တိုဘာ ၇ ရက်က ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။  Golden Dawn ပါတီဟာ ခြိုးခြံချွေတာမှု ဆန့်ကျင်ရေး နဲ့ ရွှေ့ပြောင်းလာသူ ဆန့်ကျင်ရေး အစီအစဉ်နဲ့ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးလွှတ်တော်ထဲ ရောက်လာခဲ့ပါတယ်။  Golden Dawn ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂရိရဲ့ အဆိုးရွားဆုံးဘဏ္ဍာရေး အကြပ် အတည်းအခြေအနေမှာ တတိယလူကြိုက်အများဆုံး ပါတီ ဖြစ်လာခဲ့တာပါ။  ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ပါတီထောက်ခံသူ တယောက်က လက်ဝဲဝါဒီ ရက်ပ်ပါ တယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။  အဲဒါကြောင့် ရဲတပ်ဖွဲ့က ဖြိုခွင်းမှုလုပ်ခဲ့ပြီး ရွှေ့ပြောင်းလာသူတွေအပေါ် တိုက်ခိုက်တာ တွေနဲ့ပတ်သက်လို့ ပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေကို ဖမ်းဆီးစစ်ဆေးမေးမြန်း ခဲ့ပါတယ်။   ပါတီခေါင်းဆောင်တွေကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်အပြီးမှာတော့ တရားရုံးအပြင်ဘက်မှာ စောင့်နေတဲ့ ထောင်ချီတဲ့လူအုပ်ထဲက လူတစုဟာ ရဲတွေကို ဓာတ်ဆီဗုံးတွေနဲ့ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ ပါတယ်။  ဒီအခါ ရဲတွေကလည်း မျက်ရည်ယိုဓာတ်ငွေ့၊ရေအမြောက်တို့နဲ့ တုံ့ပြန်ခဲ့တာကို ရိုက်တာ သတင်းမှာ တွေ့ရပါတယ်။ 
7 months Ago
Up