Gilead ဆေးကုမ္ပဏီ

A d v e r t i s e m e n t With Us

May 29, 2020

Remdesivir ဆေးတင်သွင်းမည်ဟု တောင်ကိုရီးယားအစိုးရပြော

ကိုဗစ်နိုင်-၁၉ ကာကွယ်ရေးအတွက် Gilead ဆေးကုမ္ပဏီကနေ ရမ်ဒီဆီဗီရာ remdesivir ဆေးတွေကို တင်သွင်းသွားမယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက မေလ ၂၉ ရက်မှာ ပြော လိုက်ပါတယ်။  ကိုရီးယား အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ရေးက ဒီဆေးကိုသုံးဖို့ အတည်ပြုရမှာ ဖြစ်ပေမဲ့  အစိုးရကတော့ ဒီဆေးဟာ အပြုသဘော  ဆောင်တဲ့ ရလဒ်တွေ ပြထားတယ်လို့ ပြောပါတယ်။  ကာလီဖိုးနီးယားအခြေစိုက် ဒီဆေးကုမ္ပဏီကတော့ ကိုဗစ်-၁၉ လူနာတွေကို ဒီဆေးနဲ့ ကုသတာ ရလဒ်တွေ ပိုတိုးတက်လာတယ်လို့ ပြောပါတယ်။  မေလ ၂၈ ရက်မှာပဲ တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈ ဦး အသစ်ထပ်တွေ့ခဲ့ပါတယ်။  လူဦးရေ ထူထပ်တဲ့ ဆိုးလ်မြို့တော်မှာ ကူးစက်မှု ထပ်ဖြစ်တာမို့ ပိုကျယ်ပြန့်တဲ့ ကူးစက်မှု ဖြစ်မှာကို စိုးရိမ်ရပါတယ်။  တောင်ကိုရီးယားမှာ ဒီနေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၆၉ ဦးရှိတယ်လို့ သိရပါတယ်။
9 months Ago
Up