ဟင်္သာတမြို့ ဘုရားတွေနဲ့ တက္ကသိုလ်အပါအဝင် လူစည်ကားရာနေရာတွေမှာ ဒေသခံ G_Z လူငယ်တွေတွေဟာ အာဏာရှင်ဆန့်ကျင်ရေး စာရေးသားမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာလည်း ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။
ပထမနေ့က ရေးသားထားတာတွေကို ညက ရဲတပ်ဖွဲ့နဲ့ စည်ပင်က လိုက်ဖျက်အပြီး ဒီနေ့ မှာတော့ နေရာအနှံ့အပြား လှုပ်ရှားရေးသားလာပါတယ်။
DVB
ပြည်သူထောင်ချီ ဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီခံထိန်းသိမ်းခံခဲ့ရတဲ့ ဖားကန့်မြို့က Generation Z လူငယ်တချို့ကို နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မိုးညှင်းခရိုင်ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ Generation Z လူငယ်တချို့ကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
Generation Z လူငယ်တွေဟာ မြို့ကန့်မြို့ ရှရော်ခ ကျေးရွာ ညောင်ပင်ကုန်းအတက်က လမ်းမပေါ်မှာ အဖြူရောင်သုတ်ဆေးနဲ့ "WE WANT DEMOCRACY" ဆိုတဲ့ စာတန်းရေးနေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို ချက်ချင်းပြန်လွှတ်ပေးဘို့ ဖားကန့်မြို့မရဲစခန်းရှေ့မှာ ပြည်သူပေါင်း ထောင်နဲ့ချီ လာရောက်ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ရဲက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီလိုဖမ်းဆီးတာတွေ လုပ်နေပေမယ့်လည်း စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ လူထုလှုပ်ရှားမှုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Generation Z လူငယ်တွေက DVB ကို ပြောပါတယ် ။
ဇော်မိုးထက်(ဖားကန့်)
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ ဗိုလ်ချုပ်လမ်း၊ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံရှေ့မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က Generation Z လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကို တွေ့မြင်ရပါတယ်။
Generation Z လူငယ်တွေနဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ၊ အလွှာပေါင်းစုံက ပြည်သူ ၅၀၀ ကျော်ကက မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့မှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းတွေချကာ ဆုတောင်းခဲ့ကြပြီ အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ- နေလင်းထိုက်၊ ဒရုန်း - အောင်ဇေယျာထက်