Game

July 12, 2021

Game ဆော့ပြီး ကိုဗစ်-၁၉ လူနာများအတွက် ဆေးဝါး လှူဒါန်းနိုင်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်တာတွေ ရှိလာတာကြောင့် Random G မှ အောက်ဆီဂျင်အိုးပြန်လည် လှူဒါန်းနိုင်ရေးနဲ့ ကိုဗစ် -၁၉ လူနာတွေကို ကူညီနိုင်ဖို့အတွက် League of Legends Wild Rift Scrim ပြိုင်ပွဲတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ပြိုင်ပွဲဝင်ကြေးက အခမဲ့ ဖြစ်ပြီး ဩဂုတ်လထဲမှာ register ပြုလုပ်ကာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ 

ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူသာမက ပြင်ပမှ လှူဒါန်းလိုသူများအနေနဲ့လည်း Random G ကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းပေးနိုင်ပါတယ်။

“Random G ဆိုတာ ရှိသမျှ game  တွေ Esports နဲ့ပတ်သက်တာတွေကို Esports life အနေနဲ့ လျှောက်လှမ်းဖို့ နည်းလမ်းတွေ သင်ကြားပြပေးတဲ့pageဖြစ်တယ်” လို့ Random G page ရဲ့ founder ကပြောပါတယ်။

7 months Ago
Up