G7 နိုင်ငံ

A d v e r t i s e m e n t With Us

June 20, 2020

ဟောင်ကောင်အရေး ဝင်မစွက်ဖက်ရန် G7 နိုင်ငံများကို တရုတ်အစိုးရ သတိပေး

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၇ နိုင်ငံအဖွဲ့ G7 ဟာ ဟောင်ကောင်အရေးကို ဝင်စွက်ဖက်မှု ရပ်သင့်ပြီလို့ တရုတ်အစိုးရက ဇွန် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ ဟောင်ကောင်အတွက် ချမှတ်ဖို့ စီစဉ်နေတဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေကို အသက်သွင်းမှု ရပ်တန့်ဖို့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဆော်သြတဲ့ ပူးတွဲကြေညာချက်အပေါ် ခုလို တုံ့ပြန်လိုက်တာပါ။ အဆိုပြု နိုင်ငံတော်လုံခြုံရေးဥပဒေဟာ တနိုင်ငံစနစ် ၂ မျိုး စည်းမျဉ်းနဲ့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒီဂရီတို့ကို  ဆိုးဆိုးရွားရွား လှိုက်စားမယ့်ဘေးတွေ ရှိနေတယ်လို့ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်ရုံးတို့က ကြေညာချက်ထဲမှာ ပြောထားပါတယ်။  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျိုးလီကျန်းက “ဟောင်ကောင်နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အခြေခံဥပဒေကို သင့်တော်အောင် လေ့လာဖို့နဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေကို ဓမ္မဓိဋ္ဌာန်ကျကျ ဘက်မလိုက်ဘဲ လေ့လာသုံးသပ်ဖို့၊ တရုတ်ပြည်တွင်းရေးနဲ့ ဟောင်ကောင်အရေးကို စွက်ဖက်တာ ရပ်တန့်ဖို့ သက်ဆိုင်သူတွေကို ကျနော်တိုက်တွန်းတယ်” လို့ သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
9 months Ago
Up