G-7 အစည်းအဝေးကြီးတွင် ဟန်ဆောင်နားထောင်နေသည့် ဒေါ်နယ်ထရမ့်ရုပ်သံ ဝေဖန်မှု မြင့်တက်

May 29, 2017

G-7 အစည်းအဝေးကြီးတွင် ဟန်ဆောင်နားထောင်နေသည့် ဒေါ်နယ်ထရမ့်ရုပ်သံ ဝေဖန်မှု မြင့်တက်

အီတလီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ထိပ်သီး G-7 အစည်းအဝေးကြီးမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီတလီဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို ဟန်ဆောင်နားထောင်နေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အချိန်တိုအတွင်း အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ သွားခဲ့ပြီးနောက် ရယ်မောဟာသလုပ်ပြောဆိုဝေဖန်နေကြတာလို့ မေရာသတင်းမှာ မေ ၂၈ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အိမ်ရှင်အီတလီနိုင်ငံ ဝန်ကြီးချုပ် ပါလိုဂျတလိုနီ ပြောနေတဲ့ မိန့်ခွန်းဘာသာပြန်ကို တခြားဘုတ်အဖွဲ့ဝင်ကမ္ဘာ့ခေါင်းဆောင်တွေက နားကျပ်တပ်ဆင် ထားခဲ့ကြပြီး ဂရုတစိုက် နားထောင်နေကြတာကို တွေ့ရပါတယ်။ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အန်ဂျလာမာကယ်က သူ့ရဲ့လက်သည်းတွေကို တချက် ကြည့်ခဲ့ပြီးနောက် မိန့်ခွန်းကို အာရုံစိုက်နားထောင်ခဲ့သလို တူနီရှားသမ္မတကလည်း သူ့ရဲ့ မှတ်တမ်းစာအုပ်ကို ပိတ်လိုက်ပြီး ထိုင်ခုံရဲ့နောက်ကျောကို မှီထိုင်ကာ မိန့်ခွန်းကို အာ ရုံစိုက်နေပါတယ်။ အဲ့ဒီနောက်တော့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပုံပေါ်လာခဲ့တာပါ။ အီတလီလိုပြောတဲ့မိန့်ခွန်းကို ဒေါ်နယ်ထရမ့်ဟာ လေးလေးနက်နက် နားထောင်`နေပုံ မျက်နှာအမူအရာနဲ့ ရှိနေခဲ့တာဖြစ်ပေမယ့် နားကြပ်တပ်ဆင်ထားခြင်းမရှိတာမို့ ရုပ် သံကြည့်ပရိတ်သတ်တွေက နားကြပ်ကတဆင့် ကြားရမယ့် ဘာသာပြန်ထားတာ မပါတဲ့ မိန့်ခွန်းကို သူဘယ်လို နားထောင်သလဲဆိုပြီး ဟာသလုပ် မေးခွန်းထုတ်နေကြတာပါ။ အန်ဒရီယာအမည်နဲ့ တွစ်တာအသုံးပြုသူတဦးက “နားကျပ်တပ်လိုက်ရင် ဆံပင် တွေရှုပ်ပွပြီး ပုံပျက်သွားမှာ စိုးလို့လား” လို့ မှတ်ချက်ရေးခဲ့ပြီး ကိတ်ဟန်နန်ဆိုသူကတော့ “သူ့ကြည့်ရတာ အိပ်ပျော်နေပုံပါ” လို့ ရေးခဲ့တာပါ။ တခြားဝေဖန်သူတွေကတော့ ဒါမှမဟုတ် ထရမ့်ဟာ အီတလီစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာလားလို့ မေးခွန်းထုတ်နေကြပါတယ်။ အိမ်ဖြူတော်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ရှောင်စပိုက်ဆာကတော့ သမ္မတဟာ သူ့ရဲ့ညာဘက်နားမှာ နားကျပ်အသေးလေး တပ်ဆင်ထားတာဖြစ်တယ်လို့ တွစ်တာမှတဆင့် ကာကွယ်ပြောလိုက်ပေမယ့် တခြားမှတ်ချက်ရေးသူတဦးကတော့ “ထရမ့်ဟာ တ ခြားခေါင်းဆောင်တွေလို နားကြပ်တပ်ဖို့ ငြင်းဆန်တာပဲဖြစ်ဖြစ်၊ ရှင်က ဒါကိုဖုံးကွယ်ထားပြီး ထပ်လိမ်တာပဲဖြစ်ဖြစ် ကြည့်လို့ကတော့ တကယ်မကောင်းဘူး”လို့ ဝေဖန်ခဲ့ပါတယ်။
4 years Ago
Up