G-20 [UBPO]

September 19, 2021

သာကေတ KBZ ဘဏ်ခွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း G-20 [UBPO] အဖွဲ့ကြေညာ

ရန်ကုန်၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမကြီးနဲ့  ဇင်္ဂမလမ်းဆုံ မီးပွိုင့်ထိပ်ရှိ KBZ  ဘဏ်ခွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့တာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ G-20 [UBPO] အဖွဲ့က စက်တင်ဘာလ ၁၉ ရက်မှာ  ကြေညာပါတယ်။ 

KBZ ဘဏ်ဟာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်နေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တခြားစစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အလားတူပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်သလို  စစ်ကောက်စီလက်ပါးစေ စစ်သားတွေ၊ ရဲတွေနဲ့  ဒလန်တွေကိုလည်း တိုက်ခိုက်သွားမယ်လို့ G-20 [UBPO] ရဲ့   ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။ 

2 years Ago
Up