၂၀၁၄ ထိုင်းအာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲအဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က မြို့တော်ဘန်ကောက်မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ပါတယ်။
ဝန်ကြီးချုပ်ပရာရွတ် အစိုးရအပေါ် ဝေဖန်တဲ့ Future Forward ပါတီကို ထိုင်းအာဏာပိုင်တွေက ဖျက်သိမ်းဖို့ ကြိုးပမ်းပြီးနောက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
Future Forward ပါတီခေါင်းဆောင် သန်နာထုံဟာ ဘီလီယံနာတဦးဖြစ်ပြီး ရွေးကောက်ပွဲနောက်ပိုင်း ပရာရွတ်အစိုးရရဲ့ အတိုက်အခံတဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
ထိုင်းရွေးကောက်ပွဲအဖွဲ့က Future Forward ပါတီဟာ သန်နာထုံဆီကနေ ဒေါ်လာ သန်းချီပြီး ချေးငွေ လက်ခံခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ပါတီဖျက်သိမ်းဖို့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို တိုက်တွန်းခဲ့ပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက သန်နာထုံဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းသွင်းတဲ့နေ့က မီဒီယာကုမ္ပဏီတခုမှာ ရှယ်ယာတွေ ထည့်ထားတာမို့ လွှတ်တော်အမတ် အရည်အချင်းနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
သန်နာထုံကတော့ စစ်အစိုးရကို သည်းမခံလိုတော့တဲ့သူတွေအဖို့ နိုင်ငံရေးမှာ ပါဝင်လိုစိတ် ရှိတာကို ပြသဖို့ အချိန်ကျပြီဆိုပြီး ပြောခဲ့ပါတယ်။
1 year Ago