Free Cash Program for the Needy(FCPN)

A d v e r t i s e m e n t With Us

June 9, 2020

ခီမောင်နှံပရဟိတအဖွဲ့က လူဦးရေ ၈၀၀၀ ကျော်အတွက် ကျပ်သိန်း ၈၀၀ ကျော် လှူဒါန်း 

သရုပ်ဆောင်ဇဏ်ခီတို့ ဇနီးမောင်နှံ ဦးဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့တည်ထောင်ခဲ့တာ တလပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ နွမ်းပါးပြည်သူစုစုပေါင်း ၈,၄၁၀ ယောက်ကို ငွေကျပ်သိန်း ၈၀၀ ကျော် လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။        Free Cash Program for the Needy(FCPN) အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါကပ် ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ် သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရ မယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေကျပ်တသောင်း လွှဲပေးနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီပရဟိတအဖွဲ့လေး တလပြည့် ဝမ်းမြောက်ကြောင်းနဲ့ အလှူရှင် ငွေစာရင်းရှင်းတမ်းတွေနဲ့အတူ သရုပ်ဆောင် ဇဏ်ခီက ခုလိုရေးသားပြီး ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “ဒီနေ့ဟာ FCPN ရဲ့ တစ်လပြည့်ပါ။ Yes! One month!! သိန်း ၅၀ နဲ့စခဲ့တဲ့ idea လေး ကနေ အားလုံးပူးပေါင်းပါဝင်ပြီး အလှူကြီးတစ်ခုဖြစ်လာတာ အားလုံးအတွက် ကျနော် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ၈၄၁ သိန်းကနေ သိန်း ၁၀၀၀ ထိရောက်သွားနိုင်မလားလို့ စိတ်ကူးမိတယ်။ လိုအပ်နေတဲ့သူတွေအများကြီးတွေ့လာတော့ ဆက်တိုက် လှူပေးချင်နေမိတယ်။ အလှူငွေတွေ လည်း ဆက်လက်လက်ခံနေပါတယ်။ တစ်ခါလှူတာ အားမရလို့ အခေါက်ခေါက်အခါခါ လှူချင်ရင်လည်း လှူနိုင်ပါတယ်နော်လို့ပြောရင်း ယုံယုံ ကြည်ကြည်နဲ့လှူနေတဲ့ အလှူရှင်များ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပါရစေ။ ယုံကြည်မှုမရှိရင် စည်းလုံးမှု မရှိနိုင်ပါဘူး။ စည်းလုံးမှုမရှိရင် ဘာအလုပ်မှ မဖြစ်မြောက်နိုင်ပါဘူး။ I’m so proud of this program #fcpn and I’m so proud of all of you!!!” လှူဒါန်းမှု ပြုပြီးခဲ့တဲ့ စာရင်းထဲမှာတော့ ရခိုင်စစ်ပြေးရှောင်ဦးရေ ၁၀၀၀ အတွက် ဌာနေ တိုင်းရင်းသားလူမှုဘဝဖွံ့ဖြိုးရေးအသင်းမှတဆင့် လှူဒါန်းမှုပြုခဲ့တဲ့ ငွေကျပ်သိန်း ၁၀၀ အပါအဝင် ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းအသင်း(မိတ္ထီလာ)၊ နယ်စည်းမခြား စာနာသူများ We Love Yangon၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့ အဖွဲ့တွေက တဆင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ နေရာအနှံ့က ငွေကြေးအခက်အခဲ ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ခဲ့တာကို တွေ့ရပါတယ်။
9 months Ago

May 9, 2020

“ငွေကြေးကျပ်တည်းလို့ ဆက်သွယ်လာသူတိုင်းကို ငွေ ၁ သောင်း ပို့ပေးသွားမှာပါ”- ဇဏ်ခီ

လတ်တလောအခြေအနေမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့နှုန်းတွေ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်ကို သရုပ်ဆောင် ဇဏ်ခီက လုပ်ဆောင်နေပါတယ်။ ခုလို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးသွားမယ့် အဖွဲ့အမည်ကိုတော့ Free Cash Program for the Needy(FCPN) လို့ အမည်ပေးထားခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ်သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မနေ့ညကတော့ ဇဏ်ခီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး ရှင်းပြခဲ့တာပါ။ “ဒီအစီအစဉ်ရဲ့ အဓိကလုပ်ဆောင်ချက်က ဘာဖြစ်မလဲဆိုတော့ ကျနော်တို့ COVID-19 Lockdown ကာလတွေမှာ ငွေရေးကြေးရေး အရမ်းကို အခက်အခဲဖြစ်နေတဲ့သူတွေ အသက်ရှူကျပ်ပြီးတော့ လုံးဝကို ငွေပြတ်တောက်လုနီးပါး ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ်လည်း ငွေပြတ်တောက်နေတဲ့သူတွေအတွက် ကူညီပေးမယ့်အစီအစဉ်ပါ။ သူတို့က ကျနော်တို့ဆီကို ဆက်သွယ်လာရင် ဆက်သွယ်လာသူတိုင်းကို ကျနော်တို့က ငွေ ၁ သောင်း ပို့ပေးမယ်ပေါ့။ အဲဒီလိုမျိုး စီစဉ်ထားပါတယ်။” အစတုန်းကတော့ ငွေကျပ်သိန်း ၅၀ ကို လူအယောက် ၅၀၀ ကို ပို့ပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဒီငွေကုန်သွားရင် ရပ်သွားမှာမျိုးကို မလိုလားတဲ့အတွက်ကြောင့်မို့လို့ ဒီ သိန်း ၅၀ ကို မတည်ပြီး အလှူရှင်တွေကို ဖိတ်ခေါ်ပြီး Donor Based အနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ သူ လိုက်ဖ်လွှင့်ပြီးချိန်မှာတော့ အလှူရှင်တွေ ထွက်ပေါ်လာခဲ့ပြီး ည ၇ နာရီတိတိ အချိန်ထိ စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ကျော် ရရှိခဲ့ကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ သိရပါတယ်။ ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားခဲ့ပြီး လှူဒါန်းနိုင်ကြောင်း ဖော်ပြထားပါတယ်။
10 months Ago
Up