FIFA

September 14, 2022

အီကွေဒေါနောက်ခံကစားသမားကို ဖီဖာက စစ်ဆေးမည်

အီကွေဒါအသင်းအတွက် ကစားပေးဖို့ တရားမဝင်ဘူးလို့ စွပ်စွဲခံနေရတဲ့ နောက်တန်းကစားသမား ကတ်စ်တီလိုကို ဖီဖာကစစ်ဆေးသွားဖို့ရှိနေပါတယ်။

ကတ်စ်တီလိုဟာ အီကွေဒေါအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရာလမ်းကြောင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ကိုလံဘီယာနိုင်ငံသားဖြစ်လို့ တရားမဝင် ကစားသမားဖြစ်တယ်လို့ စွပ်စွဲခံနေရတာပါ။

သူဟာ ကိုလံဘီယာနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ဘောလုံးကစားခွင့်အတွက် အီကွေဒေါနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့သူပါ။

ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ပြီးတဲ့နောက်မှာတော့ ခြေစစ်ပွဲကျရှုံးခဲ့တဲ့ ချီလီဘောလုံးအဖွဲ့ချုပ်ဟာ ကတ်စ်တီလိုဟာ အီကွေဒေါမှာ ကစားဖို့အတွက် တရားမဝင်ကြောင်း ဖီဖာဆီ တိုင်ကြားခဲ့တာပါ။

အဲဒီအမှုနဲ့ပတ်သက်ပြီး ကာကယံရှင် ကတ်စ်တီလိုကို ဖီဖာအယူခံကော်မတီက ဆင့်ခေါ်ထားပြီး ကြားနာသွားမှာ ဖြစ်ပါတယ်။

ကတ်စ်တီလိုဟာ တရားမဝင်ကစားအဖြစ် ပေါ်ပေါက်မယ်ဆိုရင်တော့ အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရမှာဖြစ်ပြီး ချီလီအသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

3 months Ago

April 6, 2022

ဖီဖာက ထုတ်ပယ်ခဲ့သည့်အပေါ် အယူခံတင်သွင်းထားမှု ရုရှား ပြန်ရုပ်သိမ်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ထုတ်ပယ်ခံရမှုအပေါ် အယူခံတင်သွင်းမှုကို ရုရှားဘောလုံး အဖွဲ့ချုပ်ဘက်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ 

ယူကရိန်းကို ကျူးကျော် စစ်ဆင်နွှဲပြီးနောက်မှာ ရုရှားလက်ရွေးစင်အသင်းကို ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့သလို ကလပ်အသင်းတွေနဲ့ တခြားအားကစားအသီးသီးကိုလည်း အရေးယူခဲ့တာပါ။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ ရုရှားက ပိုလန်နဲ့ ကစားရမှာဖြစ်ပေမယ့် ဖီဖာက ထုတ်ပယ်ခဲ့တာကြောင့် ပိုလန်အသင်းက အလိုအလျောက် ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ 

ပိုလန်က ဆွီဒင်ကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်သလို အုပ်စုပွဲစဉ်တွေလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ အားကစားဆိုင်ရာခုံရုံးဆီကို ရုရှားဘောလုံးအဖွဲ့ချုပ်က အယူခံတင်သွင်းထားမှု ကို ပြန်လည်ရုပ်သိမ်းသွားခဲ့တာပါ။ 

ရုရှားအနေနဲ့ တခြားအားကစားပြိုင်ပွဲတွေကနေလည်း ထုတ်ပယ်ခံထားရမှုအပေါ်မှာတော့ ဆက်လက်ပြီး အယူခံတင်သွင်းသွားမယ်လို့ သိရပါတယ်။ 

ရုရှားအသင်းတွေကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေဖြစ်တဲ့ ကျွမ်းဘား၊ ရပ်ဘီ၊ လှေလှော်နဲ့ စကိတ် အားကစားပြိုင်ပွဲတွေကနေလည်း ထုတ်ပယ်ထားပါတယ်။

8 months Ago
More News
Up