FDA အရာရှိ

June 22, 2018

FDA အရာရှိ အမျိုးသမီးကို သတ်ဖြတ်မုဒိမ်းကျင့်မှုဖြင့် တက္ကစီယာဉ်​​မောင်းအား သေဒဏ်​ချ

FDA အရာရှိ အမျိုးသမီးကို လူသတ်​မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြစ်မှုထင်​ရှားလို့ ရန်ကုန်  အ​ရှေ့ပိုင်းခရိုင်​ တရားရုံးက အငှားယာဉ်​​မောင်း မျိုးဇော်​ဦး (ခ) ဆီဒိုးနားကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ (၁) ဂ နဲ့ ​သေဒဏ်​ အမိန့် ချမှတ်လိုက်ပါတယ်​။ တရားခံ မျိုးဇော်​ဦးဟာ မုဒိမ်းကျင့်​တယ်​ဆိုတာကို ငြင်းဆိုထားပြီး မူလ​ဖြောင့်​ချက်​​တွေကို တရားရုံးမှာ ရုပ်သိမ်း​ကြောင်း ​လျှောက်​ထားခဲ့တဲ့အပြင်​ ​မှုခင်းဆရာဝန်​ရဲ့ ​ဆေးစစ်​ချက်​​တွေကလည်း အမျိုးသားအင်္ဂါနဲ့ အမျိုးသမီး လိင်​အင်္ဂါတွေမှာ သုတ်​ပိုးမရှိဘူးဆို​တာ ​စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့​ပါတယ်​။ ဒါ​ပေမယ့် အမှုဖြစ်​စဉ်​ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​​တွေနဲ့ သက်​​သေစစ်​​ဆေးချက်​​တွေအရ ပြစ်​မှုထင်​ရှား​ကြောင်း၊ မုဒိမ်းမှုမှာလည်း မှုခင်းဆရာဝန်​​တွေရဲ့ ​ဆေးစစ်​ချက်​မှာ သုတ်​ပိုးမ​တွေ့ရှိပေမယ့် မိန်းမကိုယ်​ ထိုးသွင်းဒဏ်​ရာ၊ သွေးထွက်​ဒဏ်​ရာ တွေ့ရှိချက်​​တွေအရ ​ရာဇသတ်ကြီး ပုဒ်​မ ၃၀၂ (၁) ဂ နဲ့ ​သေဒဏ်​ချမှတ်​လိုက်​တာပဲ ဖြစ်​ပါတယ်​။ “​သေဒဏ်​ဆိုတာ တရားဥပ​ဒေပုဒ်​မ စီရင်​ချက်​​တွေအရ ​Only dead ​ပါပဲ” လို့ အ​ရှေ့ပိုင်း​ခရိုင်​ တရားရုံး တွဲဘက်​တရားသူကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်​။ တရားခံ မျိုးဇော်​ဦးရဲ့ ​ရှေ့နေ ဦး​မောင်​​မောင်​စိုးက​တော့ ဒီ​သေဒဏ်​ဟာ မတရားဘူးလို့ အမိန့်​ချအပြီးမှာ ​ပြောဆိုလိုက်​ပါတယ်​။ “အလုပ်​ကြမ်းနဲ့ ​ထောင်​ဒဏ် ဆယ်​နှစ်​​လောက်​ပဲ ချသင့်တာပါ။ အခုက မတရားဘူး။ လက်​စား​ချေသလို ဖြစ်​​နေတယ်​။ အယူခံအတွက်​ ဆက်​လုပ်​သွားမှာပါ” လို့ တရားခံ​ရှေ့နေက​ ပြောပါတယ်​။ ဒီ​နေ့အမိန့်​ချတဲ့ တရားခွင်​မှာ​တော့ စိတ်​ဝင်​တစား လာ​ရောက်နား​ထောင်​သူ များပြားခဲ့ပြီး သေဆုံးသူ မ​ရွှေရည်​ဝင်းရဲ့ ဖခင်​က​တော့ ခုလို ပြစ်ဒဏ်ချမှတ် အရေးယူတာကို ​ကျေနပ်​တယ်​လို့ မီဒီယာ​တွေကို ​ပြောကြားခဲ့ပါတယ်​။
3 years Ago
Up