FBI စုံစမ်းစစ်ဆေး

December 17, 2016

Yahoo အကောင့်များ အဖောက်ခံနေရမှု FBI စုံစမ်းစစ်ဆေး

Yahoo အကောင့်တွေ အဖောက်ခံနေရတာနဲ့ပတ်သက်ပြီး အမေရိကန်စုံစမ်းရေးဗျူရို FBI က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော်ပြန်ကြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် JOSH EARNEST က “ အရင်တုန်းကလည်း Yahoo အကောင့်တွေ အဖောက်ခံရတယ်လို့ သတင်းပို့ခဲ့တာကြောင့် အရင်ကတည်းက ဒါကို စုံစမ်းစစ်ဆေးနေပါတယ်။ “အခုလည်း ဆက်လက်စစ်ဆေးနေပါတယ်၊ တကယ်လို့ တခုခု ရှာဖွေတွေ့ရှိရင် ဒါကို လူသိရှင်ကြား ထုတ်ပြောဖို့ မှာကြားထားပြီးဖြစ်ပါတယ်”လို့ ရှင်းပြသွားပါတယ်။ ဘာကြောင့် အဖောက်ခံရသလဲဆိုတဲ့ အကြောင်းရင်းကို ထုတ်ပြောမှာဖြစ်ပေမယ့် တချို့သတင်းအချက်လက်တွေကိုတော့ လူသိရှင်ကြားပြောဖို့ ဖိအားပေးမှာမဟုတ်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး FBI  ကို လွတ်လပ်ခွင့်ပေးမှာဖြစ်ကြောင်း၊ ဥပမာ-တရားခံကိုတွေ့တဲ့အခါ ဒါကို လူသိရှင်ကြား ဘယ်လိုထုတ်ပြောမလဲဆိုတာနဲ့ တရားခံဟာ အစိုးရလား၊ ရာဇ၀တ် အဖွဲ့အစည်းတခုခုလား၊ တခြားအဖွဲ့အစည်းလားဆိုတာတွေကို ထုတ်ပြောမလား၊ မပြောဘူးလား-စတဲ့အချက်တွေကိုတော့ အတိအကျ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ရှင်းပြသွားပါတယ်။
5 years Ago
Up