Fair play rule စနစ်

July 1, 2018

Fair play rule စနစ် ကျင့်သုံးသည့်အပေါ် ဖီဖာ ကာကွယ်ပြောဆို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဒီနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ Fair play rule စနစ် ကျင့်သုံးတဲ့အပေါ် ကာကွယ် ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ အုပ်စု (အက်ဖ်) မှာ ဂျပန်နဲ့ ဆီနီဂေါတို့ ၄ မှတ်ခြင်း ရမှတ်တူသလို သွင်းဂိုး၊ ပေးဂိုး၊ ထိတိုက်တွေ့ဆုံမှုတွေမှာ တူတဲ့အတွက် Fair play rule အရ အဝါကတ် အကြိမ်ရေ နည်းတဲ့အသင်း ဂျပန်ကို ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် ပေးခဲ့ပါတယ်။ အခုလို ဆုံးဖြတ်တာဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ အဲဒီစနစ်နဲ့ ဆုံးဖြတ်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပေမယ့် ဖီဖာကတော့ အခုစနစ်ကို ပြောင်းလဲဖို့ မရှိဘူးလို့ ဆိုပါတယ်။ ဖီဖာရဲ့ အရာရှိ ကော်လင်း စမစ်ကတော့ Fair play rule စနစ်နဲ့ ပက်သက်လို့ အနာဂတ် ကမ္ဘာ့ဖလားပွဲတွေမှာ သုံးသပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။
3 years Ago
Up