အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အာဏာပိုင်တွေဟာ Facial Recognition နည်းပညာ ဝယ်ယူအသုံးပြုတာကို မေလ ၁၅ ရက်က မဲခွဲဆုံးဖြတ် တားမြစ်လိုက်ပါတယ်။
Facial Recognition နည်းပညာဆိုတာ ကိုယ့်ရဲ့ မျက်နှာကို မမြင်မချင်း ကွန်ပြူတာ ပေါ်မှာ ဒါမှမဟုတ် လက်ကိုင်ဖုံးပေါ်မှာ ပစ္စည်းဝယ်လို့ မရအောင် လုပ်ထားတဲ့ ဆန်းသစ်နည်းပညာတ မျိုး ဖြစ်ပါတယ်။
ခုလိုတားမြစ်မှုစာ ဆီလီကွန်ဗယ်လီက ကုမ္ပဏီတွေ ဖန်တီးတဲ့ ကိရိယာတွေကို စည်းမျဉ်းသတ်မှတ်ဖို့ ကြိုးပမ်းလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
လာမယ့်သီတင်းပတ်မှာ မြို့ရဲ့ ကြီးကြပ်ရေးအဖွဲ့က အခုမဲပေးသူတွေကပဲ ဒုတိယမြောက် မဲခွဲဆုံးဖြတ်ပြီးရင် ဒါကို ဥပဒေအနေနဲ့ ပြဋ္ဌာန်းတော့မှာပါ။
အဲဒီအတွက် မြို့ဌာနဆိုင်ရာတွေဟာ နည်းပညာပစ္စည်းတွေရဲ့ နောက်ကြောင်း စစ်ဆေးဖို့အတွက် စောင့်ကြည့်နည်းပညာ မူဝါဒတွေ တင်သွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီလို မဲခွဲဆုံးဖြတ်တာဟာ အမေရိကန်နိုင်ငံမှာ Facial Recognition နည်းပညာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ တိုးလာတဲ့ ပြယုဂ်အဖြစ် ဆန်ဖရန်စစ္စကိုမြို့ကို သတ်မှတ်လိုက်တာပါ။
အဲဒီ Facial Recognition နည်းပညာကို အမေရိကန် အစိုးရအေဂျင်စီတွေမှာ နှစ်ပေါင်းများစွာ အသုံးပြုလာပြီး အခုအခါ အဲဒီနည်းပညာဟာ cloud computing နဲ့ အေအိုင်နည်းပညာတွေ ပေါ်ပေါက်လာတာနဲ့အတူ ပိုမို အားကောင်းလာပါတယ်။
“ပြည်သူတွေကို အလားအလာရှိတဲ့ မတရား အသုံးချခံရခြင်းကနေ ကာကွယ်ရမှာက ကျနော်တို့ရဲ့ အခြေခံကျတဲ့ တာဝန်ဖြစ်တယ်” လို့ ကြီးကြပ်ရေးအဖွဲ့ဝင် တယောက်က မဲခွဲမဆုံးဖြတ်ခင် ပြောခဲ့ပါတယ်။
4 years Ago