Face Shield

A d v e r t i s e m e n t With Us

September 19, 2020

အသုံးမတတ်ရင် ကိုယ့်ကို ပြန်ပြီး ဘေးဖြစ်စေမယ့် Face Shield

Face Shield နဲ့ ပတ်သက်ပြီး အခုဆိုရင် ကျန်းမာရေးစောင့်ရှောက်သူတွေသာမက ပြည်သူတွေပါ အသုံးများလာတာကို သတိထားမိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ခုလို Covid-19 ကပ်ဘေးကာလအတွက် တော်တော်လေးကို ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် မှားယွင်းနေတာလေးတွေတော့ တွေ့ရပါသေးတယ်။

Face Shield ဆိုတာ ဘာလဲ။

Mask အပြင် ရောဂါပိုးတွေကို ထပ်ပြီးအပိုကာကွယ်ပေးနိုင်ဖို့အတွက် တပ်ဆင်ပေးရတဲ့ ကိရိယာပါ။ အရှေ့ဘက်မှာ ပလတ်စတစ် အခုံးတစ်ခုပါရှိပြီး ဒီအခုံးဟာ တပ်ဆင်ထားသူရဲ့ အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားများကို အပြင်ဘက် မရောက်ဘဲ ပလတ်စတစ်အပြားပေါ်မှာ ကပ်သွားစေပါတယ်။ Face Shield ဟာ နားရွက်နှစ်ဖက်အထိ ခုံးနေတာဖြစ်လို့ အရှေ့ဘက်က တည့်တည့်ဝင်လာတဲ့ ရောဂါပိုးများကို အပြင်ဘက်ခြမ်းမှာ ကပ်သွားစေပါတယ်။

Face Shield ကို ဘယ်သူတွေ အများဆုံးတပ်ဆင်နေကြလဲ။

ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်း ဘိုးဘွားအရွယ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိသူ၊ ကျန်းမာရေးစောင့်ရှောက်သူတွေ ပိုပြီး တပ်ဆင်တာများပါတယ်။ N95 Mask သို့မဟုတ် Surgical Mask တွေကို မတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေ၊ Cloth Mask ကိုပဲ တပ်ဆင်ပြီး စျေးဝယ်ထွက်နေသူတွေဆိုရင် Face Shield ပါ တွဲပြီးတပ်ဆင်ခြင်းဖြင့် ကိုယ့်ရဲ့ ရောဂါပိုးကာကွယ်နိုင်ခြေကို မြှင့်တင်ပေးလို့ရပါတယ်။

Face Shield ရဲ့ ပြဿနာက ဘာလဲ။

သူက တပ်ဆင်ထားသူမှာ ရောဂါပိုးရှိနေရင် တခြားသူတွေကို ပြန်ကူးစက်နိုင်ခြေနည်းစေဖို့ ထိန်းချုပ်ပေးပါတယ်။ ဒါပေမယ့် ၃၆၀ ဒီဂရီ ပတ်လည်ထားတာမဟုတ်ဘဲ အရှေ့ဘက်နဲ့ ဘေးဘက်အနည်းငယ်ကိုသာ ကာကွယ်ပေးနိုင်တာ ဖြစ်တဲ့အတွက် Face Shield တစ်မျိုးတည်းတပ်ဆင်ပြီး Mask မတပ်ရင်တော့ လွတ်နေတဲ့ အနောက်ဘက်ကနေ ရောဂါပိုးတွေ ဝင်လာပြီး ကူးနိုင်ခြေ ရှိပါတယ်။ နောက်ထပ်တစ်ခုက Face Shield မှာ ရောဂါပိုးမွှားတွေကို ကပ်ငြိစေတဲ့ Filter အလွှာ မပါဝင်ပါဘူး။ ဒီတော့ ရောဂါပိုးမွှားတွေ Face Shield မှာ ကပ်နေရင် တခြားနေရာတွေဆီကို ပျံ့သွားနိုင်သလို Mask မတပ်ထားရင် ကပ်နေတဲ့ ရောဂါပိုးတွေကို အလွယ်တကူ ရှူမိသွားနိုင်ပါတယ်။

Face Shield ကို ပိုးသန့်စင်ဖို့ လိုအပ်လား။

ဟုတ်ကဲ့ မဖြစ်မနေ ပိုးသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Face Shield က ဖုန်နဲ့ တခြားအမှုန်အမွှား၊ ရောဂါပိုးတွေ ကပ်ငြိစေတာဖြစ်လို့ ဒီပစ္စည်းကို အိမ်ပြန်ရောက်တာနဲ့ အမြန်ပိုးသန့်စင်မှ Face Shield ကနေ တခြားအိမ်မှာရှိနေတဲ့ ပစ္စည်းတွေ၊ မိသားစုဝင်တွေကို ပြန်ပြီးကူးစက်စေနိုင်ပါတယ်။ ပိုးသန့်စင်ဖို့အတွက် Face Shield ကို ခေါင်းမှာစွပ်တဲ့ အပေါ်စွပ်ကနေ ကိုင်ချွတ်ပါ။ ပြီးသွားရင် အဝတ်လျှော်ဆပ်ပြာနဲ့ ဘရပ်ရှ်တစ်ခုယူပြီး Face Shield ကို နေရာလပ်မချန် တိုက်ချွတ်ပေးပါ။ ပြီးသွားမှ ရေနဲ့ ပြောင်စင်အောင်လောင်းချပြီး နေပြန်လှန်းပါ သို့မဟုတ် အခြောက်ခံပါ။

Face Shield ကို ထိရောက်စွာ အသုံးပြုနည်း

၁။ Mask တပ်ဆင်ခြင်းသည်သာ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပါ။ ဒါကို လုံးဝမမေ့ပါနဲ့။ ၂။ Mask ကို အရင်တပ်ပြီးမှ Face Shield ကို ခေါင်းမှာ စွပ်ပါ။ ၃။ အပြင်သွားနေရင် မလိုအပ်ဘဲ Face Shield ကို မကိုင်ပါနဲ့၊ မထိပါနဲ့။ ၄။ Mask တပ်နေရင်း အသက်ရှူကျပ်လာရင် လူနည်းတဲ့ သို့မဟုတ် လူမရှိတဲ့ နေရာရောက်မှ လက်ကို ရေမလိုလက်သန့်စင်ဆေးရည်နဲ့ အရင်ဆေးပြီး Mask ကို ဟ၍ အသက်ဝအောင်ရှူပါ။ ပြီးတာနဲ့ Mask ပြန်တပ်ပြီး လက်ပြန်ဆေးပါ။ လိုရာခရီးကို အမြန်သွား၍ အိမ်ပြန်ပါ။ Face Shield သည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့် ကာကွယ်နိုင်တာ မဟုတ်သလို သူ့တစ်မျိုးတည်း အသုံးပြုလို့လည်း မရပါဘူး။ ဒီအတွက် အမြဲတမ်း လက်ကို စနစ်တကျဆေးပါ၊ Mask ကိုလည်း စနစ်တကျ တပ်ဆင်ပါ။ တတ်နိုင်သလောက် အကြောင်းမရှိဘဲ အပြင်မထွက်ပါနဲ့လို့ ထပ်ပြီး သတိပေးတိုက်တွန်းလိုက်ပါတယ်။ ရေးသားသူ Ye Myo Myat ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
5 months Ago

May 11, 2020

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် Face Shield ကမ်ပိန်းပြုလုပ် (ဓာတ်ပုံ)

We Love North Dagon ရဲ့ Face Shield Campaign ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးမှာ မေလ ၁၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ Mask နဲ့ Face Shield အစုံ ၆၀၀ ကိုလည်း ဒဂုံရွှေပြည်ဈေးသူဈေးသားတွေနနဲ့ ဈေးဝယ်သူတွေကို လိုက်လံဝေငှကာ Mask နဲ့ Face Shield စနစ်ကျတပ်ဆင်ဖို့ ပညာပေးလှုံဆော်ခဲ့ပါတယ်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီရဲ့ စီမံဆောင်ရွက်မှုတွေနဲ့အတူ အ.ထ.က ၄ ကျောင်းသူ/သားဟောင်းတွေ၊ Union Power Con .ltd တို့နဲ့ We ❤️ North Dagon အဖွဲ့သားတွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး တတိယမြောက်လှူဒါန်းတာပါ။ Photo - Ye Myo Khant / MPA
10 months Ago
Up