F-16 တိုက်လေယာဉ်

A d v e r t i s e m e n t With Us

July 2, 2020

အမေရိကန်  F-16 တိုက်လေယာဉ် ၁ စီးပျက်ကျပြီး  လေယာဉ်မှူး သေဆုံး

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် ရှောလ်လေတပ်အခြေစိုက်စခန်းမှာ  ဇွန်လ ၃၀ ရက်က    F-16 တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးခဲ့တယ်လို့   NBC သတင်းမှာ ဖော်ပြပါတယ်။  တိုက်လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးသာ လိုက်ပါပြီး  လေယာဉ်မှူး ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။  F-16CM Fighting Falcon ဟာ အမှတ် ၂၀-တိုက်လေယာဉ်တပ်ဖွဲ့က ဖြစ်ပြီး  ပုံမှန် လေ့ကျင့်ပျံသန်းစဉ်   ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း   ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
8 months Ago

March 11, 2020

ပါကစ္စတန် လေတပ်က F-16 တိုက်လေယာဉ် ၁ စီးပျက်ကျ 

ပါကစ္စတန် လေတပ်က F-16 တိုက်လေယာဉ်တစီးဟာ မြို့တော် အစ္စလာမ်မာဘတ်မှာ မတ် ၁၁ ရက် မနက်ပိုင်းက ပျက်ကျခဲ့တယ်လို့ လေတပ် ပြောခွင့်ရက ပြောပါတယ်။ အမေရိကန်လုပ် F-16 တိုက်လေယာဉ်ဟာ မတ် ၂၃ ရက်မှာ ကျင်းပမယ့် ပါကစ္စတန်နေ့ အခမ်းအနား လေကြောင်းပြပွဲနဲ့ စစ်ရေးပြပွဲအတွက် လေ့ကျင့်နေချိန်မှာ ပျက်ကျတာလို့ ပါကစ္စတန် လေတပ်က ကြေညာပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကို ပျက်ကျတဲ့နေရာဆီ လွှတ်ထားပြီးပြီ ပျက်ကျရတဲ့ အကြောင်းရင်းကို လေတပ်ဌာနချုပ်က စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အမိန့်ထုတ်ထားပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။ ဘယ်နေရာ အတိအကျမှာ ပျက်ကျတာလဲ ဆိုတာရယ် လေယာဉ်မှူးနဲ့ ပူးတွဲ လေယာဉ်မှူးတို့ ကံကြမ္မာ ဘယ်လိုရှိတယ်ဆိုတဲ့ အချက်အလက်တွေကို မသိရသေးပါဘူး။  F-16 တိုက်လေယာဉ် တစီးကို အမေရိကန် ဒေါ်လာ သန်း၄၀လောက် တန်ပြီး ပါကစ္စတန် စစ်တပ်မှာ F-16 တိုက်လေယာဉ် အစီးငါးဆယ် ရှိတယ်လို့ အီကော်နောမစ်တိုင်းမ်စ် သတင်းမှာ ရေးပါတယ်။ ပါကစ္စတန်မှာ စစ်ဘက်အရပ်ဘက် လေကြောင်း ဘေးကင်းရေး စံချိန်တွေ မတည်ငြိမ်တာကြောင့် လတ်တလောနှစ်တွေမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ မကြာခဏ ပျက်ကျခဲ့တယ်လို့လည်း မီဒီယာတွေက အစီရင်ခံပါတယ်။
12 months Ago
Up