Eternal Gosh အဖွဲ့

August 17, 2020

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ Eternal Gosh အဖွဲ့သီချင်းသစ်-“ခြေထောက်”

       “ဒဏ်ရာတွေကို မြင်သာအောင် မကြေငြာတော့ဘူး… တိတ်တိတ်လေးပဲ သိမ်း ထားလိုက်မယ်… ငိုသံတွေဟာ တိမ်လိုလေလို မပျံနိုင်တော့လဲ… မင်းလေးမသိတဲ့ ငါ့ရဲ့ မျက်ရည်… ကိုယ်ခံစားရတာ ကိုယ်ကိုတိုင်ပဲ သိတယ်… ဘယ်သူ ကိုယ်ချင်းစာပေးမှာလဲ ငါ့နေရာထဲ”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ Eternal Gosh အဖွဲ့ရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။        “ခြေထောက်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Eternal Gosh အဖွဲ့ရဲ့ ပင် တိုင်အဆိုတော် ဟန်နေတာက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး UP Production ကနေ တင် ဆက်လိုက်တာ ဖြစ်ပါတယ်။        “အားငယ်တဲ့ အချိန်လေးပဲရှိရင် ငါကျေနပ်တယ်… မင်းကို မစွန့်လွှတ်နိုင်သေး လို့.... မင်းလောက် ဘယ်သူ့မှ မချစ်ခဲ့ပါဘူး… မင်းလောက် ဘယ်သူ့မှ မလွမ်းခဲ့ပါဘူး… သတိရခြင်းရယ် စိတ်နာခြင်းရယ် ရောထွေးနေတယ်… ငါ့ဖက်ကသာ လွမ်းနေရတာပါပဲ … သတိရတဲ့ အကြောင်းတောင် မပြောခဲ့သူရယ်… တဖြေးဖြေးတွေးရင် စိတ်နာတယ်… ဆယ်ခါတခါ ပြန်မလာရင် မေ့နိုင်အောင်… ကြိုးစားပါမယ်”        မိုးမခအိပ်မက်ခရမ်းပြာသီချင်းနဲ့ ပရိသတ်တွေကြား နေရာယူနိုင်ခဲ့တဲ့ အဆိုတော် ဟန်နေတာပါဝင်တဲ့ Eternal Gosh အဖွဲ့ဟာ ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုဖျော် ဖြေတတ်ပြီး သူတို့သီဆိုထားခဲ့ကြတဲ့ “လက်ခုပ်”၊ “ငါအံ့သြ”၊ “နောင်တ”၊ “လူငယ်သက် တန့်”စတဲ့ သီချင်းတွေအပါအဝင် “ငွေစက္ကူ ၇ ရွက်” ရုပ်သံစီးရီးစ်ဇာတ်ဝင်တေးတွေဟာ ပရိသတ် အားပေးလက်ခံမှု ရရှိထားတဲ့ သီချင်းတွေဖြစ်ပါတယ်။ ခုအသစ်ထွက်ရှိလာတဲ့ “ခြေထောက်”သီချင်းထဲမှာလည်း ထိမိတဲ့ စာသားတွေနဲ့ အတူ အားမာန်ပါပါ သီဆိုဖျော်ဖြေလေ့ရှိတဲ့ Eternal Gosh အဖွဲ့ရဲ့ ထုံးစံအတိုင်း ဆွဲ ဆောင်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။        ဒီသီချင်းကိုတော့ Eternal Gosh အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် ပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး အဖွဲ့ရဲ့ ယူကျုဘ်စာမျက်နှာ၊ Apple Music နဲ့ Joox တို့ကနေလည်း နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။        “ကိုယ်ခံစားရတာ ကိုယ်ကိုတိုင်ဘဲ သိတယ်… ဘယ်သူ ကိုယ်ချင်းစာပေးမှာလဲ ငါ့ နေရာထဲ... အားငယ်တဲ့ အချိန်လေးဘဲ ရှိရင် ငါကျေနပ်တယ်… မင်းကို မစွန့်လွှတ် နိုင်သေးလို့... မင်းလောက် ဘယ်သူ့မှ မချစ်ခဲ့ပါဘူး… မင်းလောက် ဘယ်သူ့မှ မလွမ်းခဲ့ ပါဘူး… သတိရခြင်းရယ် စိတ်နာခြင်းရယ် ရောထွေးနေတယ်… ငါ့ဖက်ကသာ လွမ်းနေရ တာပါပဲ… သတိရတဲ့ အကြောင်းတောင် မပြောခဲ့သူရယ်… တဖြေးဖြေးတွေးရင် စိတ်နာ တယ်… ဆယ်ခါတစ်ခါ ပြန်မလာရင် မေ့နိုင်အောင် ကြိုးစားပါမယ်... ဆယ်ခါတစ်ခါ ပြန် မလာရင် မေ့နိုင်အောင် ကြိုးစားပါမယ်... ဆယ်ခါတစ်ခါ ပြန်မလာရင် မေ့နိုင်အောင် ကြိုး စားပါမယ်” ရုပ်သံ ကြည့်ရှုရန် - https://www.facebook.com/eternalgoshfamily/videos/328555605183339/?v=328555605183339
8 months Ago

February 7, 2020

ပရိသတ်အချစ်တော် Eternal Gosh အဖွဲ့၏သီချင်းသစ်-လူငယ်သက်တန့်(ရုပ်သံ)

“ကလေးလေးတယောက်ရဲ့ အိပ်မက်… လူလတ်ပိုင်းအထိ စွဲလန်းခဲ့… မိဘအရိပ် ကနေထွက်… ယုံကြည်သော လမ်းမများထက်… တောင်တွေကျော်ဖြတ်ခဲ့ဖူးတယ်… ပင် လယ်ကျော်ဖြတ်ခဲ့ဖူးတယ်” ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ ပရိသတ်အချစ်တော် Eternal Gosh အဖွဲ့ရဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေဖြစ်ပြီး အွန်လိုင်းပေါ် နာမည်ကြီးနေတာပါ။ “လမ်းပျောက်ခဲ့တဲ့ နေ့စွဲ… လဲကျခဲ့ နှစ်လရက်… စိတ်ဓာတ်မကျပဲ ငါတို့ ကြိုးစား ပြီး ရှေ့ဆက်… ရည်ရွယ်ခဲ့သော ဘဝပန်းတိုင်… ဘယ်လိုအခက်အခဲတွေ တွေ့ပါစေ” မိုးမခအိပ်မက်ခရမ်းပြာသီချင်းနဲ့ ပရိသတ်တွေကြား နေရာယူနိုင်ခဲ့တဲ့ အဆိုတော် ဟန်နေတာပါဝင်တဲ့ Eternal Gosh အဖွဲ့ဟာ ခံစားမှုအားကောင်းကောင်းနဲ့ သီဆိုဖျော် ဖြေတတ်ပြီး သူတို့သီဆိုထားခဲ့ကြတဲ့ လက်ခုပ်၊ ငါအံ့သြစတဲ့ သီချင်းတွေဟာ ပရိသတ် အားပေးလက်ခံမှု ရရှိထားတဲ့ သီချင်းတွေဖြစ်ပါတယ်။ ခုအသစ်ထွက်ရှိလာတဲ့ လူငယ်သက်တန့်သီချင်းကိုတော့ ထိမိတဲ့ စာသားတွေနဲ့ အတူ အားမာန်ပါပါ သီဆိုဖျော်ဖြေလေ့ရှိတဲ့ Eternal Gosh အဖွဲ့ရဲ့ အဆိုရှင် ဟန်နေတာကလည်း သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မျှဝေထားတာဖြစ်ပါတယ်။ “ရင်ဆိုင်ခဲ့ လူငယ်အိပ်မက်တွေ ပေါင်းစပ်ခြင်းဟာ ရည်ရွယ်ချက်… ဒီကမ္ဘာမြေ ကြီးရဲ့ ဆွဲအားနဲ့… မိုးကောင်းကင်ကြီးထဲ ဘောလုံးလေးများလို… ငါ့မျှော်လင့်ချက်တွေ လွှတ်တင်ဖူး… မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ… မိုးစက်များလို ပြုတ်ကျလာခဲ့ပြီအခု… နေ ရောင်ခြည်ထဲကနေ ယုံကြည်မှု… ဒါမင်းရှေ့က သက်တန့်တခု”  
1 year Ago
Up