EPL

A d v e r t i s e m e n t With Us

March 26, 2020

ကျန်းမာရေးလုပ်သားများကို EPL က လက်မှတ် ၁ သိန်းကျော် ဆုချမည်

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အသက်နဲ့ရင်းပြီး လုပ်ကိုင်နေကြတဲ့ နိုင်ငံတွင်းက ကျန်းမာရေးလုပ်သားတွေအတွက် ပရီးမီးယားလိဂ်ကလပ်တွေ စုပေါင်းပြီး ဘောလုံးပွဲလက်မှတ် ၁ သိန်းကျော် ဆုချသွားဖို့ ရှိနေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ကုသရေးအတွက်  ကျန်းမာရေးလုပ်သားတွေဟာ အချိန်နဲ့မလပ် လုပ်ကိုင်နေကြတာကြောင့် ရောဂါကင်းစင်ပြီး ဘောလုံးပွဲတွေ ပြန်စနိုင်ချိန်မှာ ဘောလုံးကွင်းထဲမှာ ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးကို ပေးသွားမှာ ဖြစ်ပါတယ်။  ဗြိတိန်နိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ လူပေါင်း ၉၅၂၉ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၄၆၅ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ ဧပြီလကုန်ထိ ရွှေ့ဆိုင်းထားခဲ့ပြီး ကျန်အဓိက အားကစားပွဲတော်တွေ ဖြစ်တဲ့ ယူရို ၂ဝ၂၀ ပြိုင်ပွဲ၊ လက်ဝှေ့ကျော် အန်တိုနီဂျော်ရွှာနဲ့ ကူဘရတ်ပဲလက်ဗ်တို့ရဲ့ ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ၊ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွေကတော့ ကျင်းပဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
12 months Ago
Up