EpiVacCorona

October 15, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအမျိုးအစားကို ရုရှားအတည်ပြု

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ဒုတိယအမျိုးအစား EpiVacCorona ကို အတည်ပြုလိုက်ပြီး တရားဝင် မှတ်ပုံတင်လိုက်ပြီလို့ ရုရှားအစိုးရက အောက်တိုဘာ ၁၄ ရက်မှာ ကြေညာပါတယ်။  နိုင်ငံတလွှားမှာ တနေ့ချင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြု လူနာအရေအတွက် စံချိန်တင်တိုးနေလို့ မြို့တော်က အထက်တန်းကျောင်းတွေကို အွန်လိုင်းကနေပဲ သင်ဖို့ ပြောင်းထားရပါတယ်။ ဆိုက်ဘေးရီးယား ဗက်တာအင်စတီကျုက တီထွင်တဲ့ ကာကွယ်ဆေးအသစ်ဟာ အရင်လက အစောပိုင်းအဆင့် စမ်းသပ်မှု ပြီးဆုံးပါတယ်။  ရုရှားဟာ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးကို သြဂုတ်လက ထုတ်လုပ်အပြီး ကာကွယ်ဆေးကို တရားဝင် အတည်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။  ဒါပေမဲ့ ခုထိ ဘယ်ကာကွယ်ဆေးကိုမှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးတာ မရှိသေးပါဘူး။  ရုရှားနိုင်ငံမှာ အောက်တိုဘာ ၁၄ တရက်တည်းမှာ ၂၄နာရီအတွင်း ကူးစက်ခံ အတည်ပြုလူ နာအသစ် ၁၄၂၃၁ ယောက် ရှိပြီး ကူးစက်မှု စတည်းက အများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကပ်ဘေးစတည်းက ခုထိ ကူးစက်ခံ အတည်ပြုလူနာ ၁၃ သိန်း ၅ သောင်း ၄ ထောင် ကျော်ခဲ့ပါတယ်။  အောက်တိုဘာ ၁၄ ရက် တရက်တည်း သေဆုံးသူ ၂၃၉ယောက် ရှိခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ၂၃၂၀၅ ယောက် ရှိခဲ့ပါတယ်။ 
7 months Ago
Up