ELN သူပုန်

March 7, 2018

ကိုလံဘီယာစစ်တပ် ဗုံးကြဲစစ်ဆင်ရေးအတွင်း ELN သူပုန် ၁၀ ဦး သေဆုံး

ကိုလံဘီယာစစ်တပ်က အမျိုးသားလွတ်မြောက်ရေးတပ်လို့ခေါ်တဲ့ ELN သူပုန်တွေကို ဗုံးကြဲစစ်ဆင်ရေးအတွင်း မတ်လ ၆ ရက်နေ့က သူပုန်တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံတွင်း အစိုးရနဲ့ သူပုန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆုံးသတ်ပြီးကတည်းက သူပုန်အုပ်စုအပေါ် အကြီးဆုံး ထိုးစစ်ဆင်မှုလည်း ဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ အန်တိုကွေယာဒေသထဲက စစ်ဆင်ရေးအတွင်း ဒဏ်ရာရ သူပုန် ၃ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး လူးဝစ်ကာလို့စ် ဗီလေဂက်စ်က ပြောပါတယ်။ စစ်သည်အင်အား ၂ ထောင်လောက်ရှိတဲ့ ELN သူပုန်တွေနဲ့ ကိုလံဘီယာစစ်တပ်တို့ဟာ မနှစ်က ဖေဖော်ဝါရီမှာ အီကွေဒေါနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့ပါတယ်။ ဒါဟာ လူ ၂ သိန်း ၂ သောင်းကျော် သေဆုံးခဲ့တဲ့ နှစ် ၅၀ ကျော်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အားထုတ်မှု ဖြစ်ပါတယ်။ ၂၀၁၇ အောက်တိုဘာကစပြီး တနှစ်အတွင်း နှစ်ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပေမယ့် ဆွေးနွေးပွဲတွေဟာ နောက်ထပ်တိုးတက်မှု မရှိခဲ့ပါဘူး။ ဇန်နဝါရီလမှာ သူပုန်တွေက ရဲအရာရှိ ၈ ဦး သေဆုံးပြီး ရေနံချက်စက်ရုံ ပျက်စီးအောင် တိုက်ခိုက်ခဲ့လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကိုလံဘီယာ သမ္မတက ရပ်ဆိုင်းခဲ့ပါတယ်။
4 years Ago
Up