EFL လိဂ်ဖလားပွဲစဉ်

September 23, 2020

EFL လိဂ်ဖလားပွဲစဉ်တွင် မန်ယူနိုက်တက်က လူတန်ကို ၃-၀ ဖြင့်အနိုင်ရ

မနေ့ညက ကန်သွားတဲ့ EFL ကာရာဘောင် လိဂ်လား တတိယ အဆင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က လူတန်တောင်းကလပ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှုရော ကန်သွင်းခွင့်တွေပါ ပိုမိုရရှိခဲ့ပြီး မန်ယူအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၄၄ မိနစ်မှာ မာတာက ပင်နယ်တီကနေတဆင့် အဖွင့် ဂိုးသွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၈၈ မိနစ်မှာ ရက်ရှ်ဖို့ဒ်က ဒုတိယ အနိုင်ဂိုး သွင်းပေးခဲ့ပြီး နောက်ဆုံး တတိယမြောက် အနိုင်ဂိုးကိုတော့  ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပိုမှာ ဖာနန်ဒတ်စ်က သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ဂိုးသမား ဟန်ဒါဆန်က ဂိုးမပေးရအောင် လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပြီး ပေးဂိုးမရှိ နိုင်ပွဲရတဲ့ အတွက် မယုံနိုင်လောက်အောင် ခံစားရတယ်လို့  ပြောပါတယ်။ ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ ရှက်ဖီးလ်အသင်းဆီ အငှားနဲ့ သွားရောက် ကစားနေရာကနေ  မန်ယူအသင်းနဲ့ မနေ့က ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ မန်ယူနည်းပြ ဆိုးလ်ရှားအတွက်လည်း ပြိုင်ပွဲပေါင်းစုံမှာ ပွဲ ၅၀ မြောက် နိုင်ပွဲလည်း ဖြစ်ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ ဝက်စ်ဟမ်းက ဟူးလ်စီးတီးကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသလို နယူးပေါ့ကောင်တီက ဝက်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး ဝက်စ်ဘရွမ်းဝစ်နဲ့ ဘရန့်ဖို့ဒ်တို့ ၂ ဂိုးစီသရေကျသွားပါတယ်။
7 months Ago
Up