E Sport ပြိုင်ပွဲ

January 29, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် မကာအိုတွင် ကျင်းပမည့် E Sport ပြိုင်ပွဲ ဖျက်သိမ်း

မြန်မာ ESport DOTA 2 အသင်းဖြစ်တဲ့ TEAM VERTRAN ဝင်ရောက်ယှဉ်ပြိုင်မယ့်  WESG 2019 APAC Finals ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။  ဝူဟန်ဗိုင်းရပ်စ်ဟာ တရုတ်ပြည်တွင်းသာမက အိမ်နီးချင်းနိုင်ငံတွေကိုပါ ပြန့်ပွားနေတာကြောင့် နိုင်ငံကူးသန်းသွားလာမှုကို ထိန်းချုပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချလိုတာကြောင့် မကာအိုမှာ လုပ်မယ့်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း WESG က ကြေညာလိုက်တာ ဖြစ်ပါတယ်။ WESG 2019 APAC Finals မှာ Counter-Strike: Global Offensive ပြိုင်ပွဲရော Dota 2 ပြိုင်ပွဲပါ ပါဝင်ပြီး မြန်မာ Dota 2 အသင်း Team Veteran ဟာလည်း ဒီပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပါတယ်။  လက်ရှိအချိန်မှာ ပြိုင်ပွဲ ဖျက်သိမ်းသွားတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတွေအတွက်တော့ နစ်နာခဲ့တယ်လို့ ပြောလို့ရပေမယ့် မကြာခင်မှာတော့ ပြန်လည် ကျင်းပမယ့်သဘောမှာ ရှိနေပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေ မြင့်တက်လာခဲ့ပြီး ဒီမနက် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ သေဆုံးသူဟာ ၁၃၀ ကျော်ထိ ရှိလာတာ ဖြစ်ပါတယ်။
1 year Ago
Up