DV ဗီဇာကံစမ်းမဲ ရွေးခံရသူများ အီးမေးလ်မှ အကြောင်းကြားမည်မဟုတ်ဟု အမေရိကန်ပြော

May 13, 2018

DV ဗီဇာကံစမ်းမဲ ရွေးခံရသူများ အီးမေးလ်မှ အကြောင်းကြားမည်မဟုတ်ဟု အမေရိကန်ပြော

  မကြာခင်မှာ ကြေညာတော့မယ့် အမေရိကန် ပြည်ဝင်ခွင့် DV ဗီဇာကံစမ်းမဲအစီအစဉ်အတွက် ရွေးချယ်ခံရသူတွေကို အီးမေးလ်ကနေ အကြောင်းကြားမှာ မဟုတ်ဘူးလို့ အမေရိကန်သံရုံးက ကြေညာပါတယ်။ ၂၀၁၉ ခုနှစ် DV ကံစမ်းမဲဗီဇာအတွက် ရွေးချယ်ခြင်းခံရလား ဆိုတာကို လာမယ့် မေ ၁၅ ရက် ကစပြီး E-DV အင်တာနက် ဝက်ဘ်ဆိုက် www.dvlottery.state.gov မှာ ဝင်ရောက်စစ်ဆေးဖို့ သံရုံးက ထုတ်ပြန်ထားပါတယ်။ အမေရိကန် ဗီဇာ လျှောက်ထားသူတွေအတွက် ပွဲစားနဲ့ လိမ်လည်သူတွေက သံရုံးက သုံးလေ့မရှိတဲ့ နည်းလမ်းတွေနဲ့ လျှောက်ထားဖို့၊ စစ်ဆေးဖို့ စသဖြင့် လိမ်လည်တာတွေ နှစ်စဉ်လိုလို ဖြစ်နေတာပါ။
3 years Ago
Up