Dumbo

March 27, 2019

ငယ်ဘဝဇာတ်ကောင် ဆင်ကလေးအကြောင်း တကျော့ပြန်ရှုစားရမည့် Dumbo ရုပ်ရှင် (နမူနာ)

ပရိသတ်တွေအားလုံး ငယ်ငယ်ကတည်းက ရင်းနှီးနှစ်သက်ခဲ့ကြတဲ့ ကာတွန်းရုပ်ရှင် ဇာတ်ကောင် ဆင်ကလေးအကြောင်းကို ပုံစံအသစ်နဲ့ ဖန်တီးထားတဲ့ Dumbo ရုပ်ရှင်ကို မကြာခင် ရှုစားကြရမှာ ဖြစ်ပါတယ်။ Hollywood Family Fantasy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Tim Burton က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၁၉၄၁ ခုနှစ်မှာ ဝေါ့လ်တ်ဒစ္စနေးက တင်ဆက်ခဲ့တဲ့ ဂန္ထဝင် ကာတွန်းရုပ်ရှင်ကို လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မိခင်နဲ့ ဝေးကွာခဲ့ရပြီး ကြီးမားတဲ့ နားရွက်တွေရှိလို့ လှောင်ပြောင်ပျက်ရယ်ပြုခံခဲ့ရတဲ့ ဆပ်ကပ်ထဲက ဆင်လေးတကောင်အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီး ပျံသန်းနိုင်တဲ့ ဆင်ကလေး Dumbo ကို ပရိသတ်တွေ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Colin Farrell က Dumbo ဆင်ကလေးကို မွေးစားခဲ့တဲ့ ကလေး ၂ ဦးရဲ့ ဖခင်နေရာမှာ ပါဝင်ထားပါတယ်။ မင်းသားကြီး Danny DeVito ကတော့ ဆပ်ကပ်ရုံပိုင်ရှင်နေရာက ပါဝင်သရုပ်ဆောင်ထားပြီး တခြား သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Michael Keaton၊ Eva Green စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ IMDb မှာ Rating 7.8 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅ သန်းအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ရယ်မောပျော်ရွှင်စရာတွေ၊ ဝမ်းနည်းကြေကွဲစရာတွေနဲ့ ဖန်တီးပုံဖော်ထားပြီး ကြာမြင့်ချိန် ၁၁၅ မိနစ်ရှိတဲ့ Dumbo ရုပ်ရှင်ကားကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
3 years Ago
Up