Distance Learning TV (DLTV)

May 20, 2020

ထိုင်းဆရာမ၏ အင်္ဂလိပ်ဘာသာစကား အသံထွက်ကို အွန်လိုင်းပေါ် ဝေဖန်မှုမြင့်တက်

အွန်လိုင်းပေါ်မှ စာသင်ကြားပို့ချတဲ့ ထိုင်းကျောင်းဆရာမတယောက်ရဲ့ အင်္ဂလိပ်ဘာသာစကား အသံထွက်နဲ့ပတ်သက်ပြီး ထိုင်းအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။ COVID-19 အန္တရာယ်ကြောင့် ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်းတွေမှာ အွန်လိုင်း သင်ကြားရေးစနစ်ကို မေ ၁၈ ရက်နေ့က စတင်အသုံးပြုချိန်မှာ ခုလိုဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အဝေးရောက်သင်ကြားမှုစနစ် ရုပ်သံလိုင်း Distance Learning TV (DLTV) ကတဆင့် ထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါ ကျောင်းဆရာမက (အသက် ၁၂ နှစ်အရွယ်) Pathom 6 အဆင့် စာသင်သားတွေကို သင်ကြားခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်အသုံးပြုသူတွေက ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ လုပ်နေကြပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ ထိုင်းသံဝဲဝဲနဲ့ မပီသတဲ့ သူ့ရဲ့ အသံထွက်တွေ၊ အသံအဖိအဖော့နဲ့ အသုံးပြုတဲ့ စကားလုံးတွေဟာ မှားယွင်းနေတယ်လို့ ဝေဖန်ထောက်ပြတာတွေ၊ ခုလို လွဲမှားတဲ့ သင်ကြားမှုက ကျောင်းသားကလေးငယ်တွေအတွက် ထိခိုက်လာနိုင်တယ်လို့ ထောက်ပြတာတွေရှိသလို တချို့ကလည်း ဆရာမကို အွန်လိုင်းပေါ်မှာ အုပ်စုဖွဲ့တိုက်ခိုက်နေကြမယ့်အစား ထောက်ပံ့ကူညီကြဖို့ #saveครูวัง ဆိုတဲ့ Hashtag လေးနဲ့ မျှဝေမှုတွေလည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
11 months Ago
Up