Denko ဆီဆိုင်ဝန်ထမ်း

September 10, 2021

မန္တလေး၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် Denko ဆီဆိုင်ဝန်ထမ်း အမျိုးသမီး ကျည်ထိမှန်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေး - မတ္တရာကားလမ်း အိုးဘိုရွှေကျင်ကွေ့အနီးမှာ စက်တင်ဘာလ ၁၀ ရက်  ဒီနေ့ မွန်းလွဲ  ၂ နာရီခွဲလောက်က  စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့်  Denko စက်သုံးဆီဆိုင်ဝန်ထမ်း အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မန္တလေး - မတ္တရာကားလမ်း၊ Denko ဆီဆိုင်အနီး နယ်ကျော်ကတ်စစ်ဆေးရေးဂိတ်မှာရှိနေချိန် ဆိုင်ကယ်နဲ့ ဖြတ်သွားသူ နှစ်ယောက်ကို  သေနတ်နဲ့ ပစ်ခဲ့တာမှာ ဆီဆိုင်ဝန်ထမ်း အမျိုးသမီးကို ထိမှန်သွားတာလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။ 

  “ပစ်ခတ်သံတော့ ကြားလိုက်တယ်။ အဲ့ဒီနား မေးတော့ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ယောက်ကို ပစ်တာ မမှန်ပဲ တခြားတစ်ယောက်မှန်တာတဲ့။ စစ်သားတွေရော ရဲတွေရာ ရွှေကျင်ကွေ့နားရှိတယ်။”

စစ်ကောင်စီတပ်သားတွေက ဘာကြောင့် သေနတ်နဲ့ ပစ်ခတ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

1 month Ago
Up