CureVac ကုမ္ပဏီ

December 15, 2020

ဂျာမန် CureVac ကုမ္ပဏီ ကိုဗစ်-၁၉ ကာကွယ်ဆေး လက်တွေ့စမ်းသပ်

ဂျာမန် ဇီဝနည်းပညာလုပ်ငန်း ကယူးဝါးဗက်ကုမ္ပဏီက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး အတွက် အကြီးစား လက်တွေ့စမ်းသပ်ချက် အဆင့် 2b/3 ကို စတင်လိုက်ပြီလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။ သူ့ရဲ့နည်းပညာဟာ ပြိုင်ဘက် ဘိုင်အိုအန်တက်ခ်နဲ့ မိုဒါနာတို့နဲ့ တူညီလို့ ကာကွယ်ဆေး တီထွင်တဲ့ပြိုင်ပွဲမှာ ပြိုင်ဘက်တွေက အသာစီးယူခွင့်ပေးလိုက်သလိုပဲလို့ ရိုက်တာက ရေးပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်လို့ ၂၀၂၁ ပထမ ၃ လပတ်မှာ ကြားဖြတ်ရလဒ်တွေ ရဖို့ မျှော်လင့်ထားတယ်။ သတင်းအချက်အလက်တွေက ကောင်းရင် စည်းကမ်းထိန်းသိမ်းသူတွေဆီ တင်သွင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ကယူးဝါးဗက်ရဲ့ အမှုဆောင်အရာရှိချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။ ကယူးဝါးဗက်ကုမ္ပဏီက “အရွယ်ရောက်ပြီးသား အသက်အရွယ် အလွှာပေါင်းစုံမှာ စမ်းသပ်ချက်က ဘေးကင်း ထိရောက်ဖို့ ကြိုးစားထားတယ်။ ဥရောပနဲ့ လက်တင်အမေရိကမှာ ရှိတဲ့ လူ သုံးသောင်းခွဲကျော် ပါဝင် စမ်းသပ်ခံနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။ ဂျာမန်အစိုးရဟာ ကာကွယ်ဆေး စီမံကိန်း ၃ ရပ်အတွက် အမေရိကန် ဒေါ်လာ ၉၁၁ သန်း ထောက်ပံ့ထားပြီး ကယူးဝါးဗက်ကတော့ အဲဒီထဲက စီမံကိန်းတရပ်ပါ။ ဥရောပကော်မရှင်က ကာကွယ်ဆေး ထိုးဆေး ၄၀၅ သန်း ရတာ သေချာဖို့ စီစဉ်ထားပါတယ်။
4 months Ago
Up