COVID_19

August 22, 2020

ရခိုင်ဝန်ကြီးချုပ်နှင့်လယ်ဆည်ဝန်ကြီး အပါအဝင် ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ဝန်ထမ်းတဦးမှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် လူနာနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လယ်ဆည်ဝန်ကြီး အပါအဝင် အစိုးရအဖွဲရုံးက ဝန်ထမ်း ၁၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို သြဂုတ်လ ၂၀ ရက်နေ့က စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ပြောပါတယ်။ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “စစ်ဆေးချက်အဖြေက ဝန်ကြီး ၂ ဦး အပါအဝင်အားလုံး Negative ဖြစ်ပါတယ်။ လယ်စိုက် အစည်းအဝေးမှာ ရခိုင်ပြည်နယ်က  ခရိုင်နဲ့ မြို့တွေက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတွေပါ တက်ရောက်ကြတယ်။ အရေအတွက် ဘယ်လောက်လဲတော့ မပြောနိုင်ဘူးဗျ။ သူတို့ကိုလည်း သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်တွေကနေ စစ်ဆေးမှုတွေ ပြုလုပ်သွားပါလိမ့်မယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုဗစ်လူနာအမှတ် ၃၉၆ (အမျိုးသမီး) မှာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတဦးဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်သူတဦး ဖြစ်ပါတယ်။ အဆိုပါ ရခိုင်ပြည်နယ်အစိုးရ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူ ၆ ဦးကိုလည်း Quarantine ထားရှိထားပြီး ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DVB ကို အတည်ပြုပြောပါတယ်။ “မောင်တောမြို့က ၄ ဦး၊ မြို့နယ်က ၂ ဦး ခရိုင်က ၂ ဦး။ ဘူးသီးတောင်က ၂ ဦး၊ အားလုံး ၆ ဦး သူတို့ကို ထွေအုပ်ဝန်ထန်းရိပ်သာတွေမှာပဲ Quarantine ထားထားတယ်။ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ စစ်ဆေးဖို့ပို့ထားတယ်။” အဆိုပါ ရခိုင်ပြည်နယ်အစိုးရ  လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးကို ရခိုင်ပြည်နယ် ခရိုင် ၅ ခုမှ ခရိုင်နဲ့မြို့နယ် ဒုအုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လင်းလက်
10 months Ago

June 24, 2020

ဘူဆန်ဆိပ်ကမ်း ဝင်လာသည့် ရုရှားသင်္ဘောပေါ်မှ ဝန်ထမ်း ၁၆ ဦး ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ

ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်းကို ဝင်လာတဲ့ ရုရှားအလံလွှင့် သင်္ဘောပေါ်က သင်္ဘောသား ၁၆ ယောက်ထက်မနည်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်လို့  ဇွန်လ  ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။   အအေးခန်း ရေယာဉ်ကြီးပေါ်က  သင်္ဘောသား  ၂၁ ယောက်ထဲမှာ ၁၆ ယောက်က ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ဆိုပါတယ်။ ရုရှား ဗလာဒီဗော့စတော့ ဆိပ်ကမ်းက ထွက်ခွာလာတဲ့ အဲဒီသင်္ဘောဟာ ဇွန် ၁၉ ရက်က  ဘူဆန်ဆိပ်ကမ်းကို ရောက်လာပြီး ဂမ်ချွန်းဆိပ်ကမ်းမှာ  ဇွန်လ ၂၁ ရက်အစောပိုင်း ဆိုက်ကပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က ရုရှားကို ပြန်သွားခဲ့တဲ့ သင်္ဘောကပ္ပတိန်မှာ ရောဂါပိုးစစ်ဆေး တွေ့ရှိတယ်လို့ ဘူဆန်အာဏာပိုင်တွေက သတင်းပို့ပြီးနောက်  အဲဒီနေ့ အစောပိုင်းကပဲ သင်္ဘောသားတွေကို စစ်ဆေးခဲ့တာပါ။  ရောဂါပိုးတွေ့ရှိတဲ့ သင်္ဘောသား ၁၆ ယောက်ကို သင်္ဘောပေါ်မှာပဲ သီးခြားခွဲထားသလို  တွေ့ထိခဲ့သူ အယောက်  ၁၆၀ ဝန်းကျင်ကိုလည်း လောလာဆယ်  သီးခြားခွဲထားတယ်လို့   The Korean Times သတင်းက ဖော်ပြပါတယ်။
1 year Ago
More News
Up