COVID-19 း

A d v e r t i s e m e n t With Us

April 7, 2020

COVID-19 ကာကွယ်၊ ထိန်းချုပ်ရန် တပ်မတော်သားများက ငွေကျပ် ၂ ဒသမ ၂၄၅ ဘီလီယံကျော် လှူဒါန်း

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်တွေက လုပ်ခလစာငွေထဲကနေ စုစုပေါင်းငွေ ကျပ် ၂ ဒသမ ၂၄၅ ဘီလီယံကျော် လှူဒါန်းလိုက်တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးတွေက တစ်လစာ လစာငွေတွေထည့်ဝင်လှူဒါန်းပြီး အရာရှိ၊ စစ်သည်နဲ့ အရပ်သား အစားခန့် ဝန်ထမ်းတွေက လစာငွေမှ တစ်ရက်လုပ်ခ လစာငွေတွေကို  အသီးသီးထည့်ဝင်လှူဒါန်းကြကြတာလို့ ဆိုပါတယ်။ အဆိုပါ လှူဒါန်းငွေတွေကို တိုင်းစစ်ဌာနချုပ် နယ်မြေတွေအလိုက်ပြည်သူ့ ဆေးရုံတွေမှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာအထောက်အကူပြု ပစ္စည်းတွေဝယ်ယူဖို့၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေနဲ့ ကန့်သတ် စောင့်ကြည့် (Quarantine)နေရာတွေမှာ အသုံးပြုနိုင်ဖို့ လှူဒါန်းတာလို့ သိရပါတယ် ။  ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိသူမရှိသေးဘဲ တပ်တွင်း အဝင်အထွက်တွေကို စည်းကမ်းကြပ်မတ်ဆောင်ရွက်နေတယ်လို့ လည်းသိရပါတယ်။  မတ်လ ၃၀ ရက်အထိ ပြည်ပမှပြန်လည်ရောက်ရှိလာသူတွေနဲ့  ပြည်ပပြန်တွေနဲ့ တွေ့ဆုံမှုရှိကြတဲ့ သံသယရှိသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်နေရာမှာ  Hospital Quarantine စောင့်ကြည့်သူ စစ်သည် ၆ ဦး၊ မိသားစုဝင် ၁၈ ဦး၊ စုစုပေါင်း ၂၄ ဦး၊ Home or Facility Quarantine စောင့်ကြည့်သူ အရာရှိ ၂၉ ဦး၊ စစ်သည် ၁၁ ဦး၊ မှီခို ၃ ဦး၊ စုစုပေါင်း ၄၃ ဦး ရှိတယ်လို့ တပ်မတော်က ထုတ်ပြန် ထားပါတယ်။ ဓာတ်ပုံ- CINCDS
11 months Ago
Up