COVID-19 လူနာ

May 22, 2020

COVID-19 လူနာ တပ်မတော်သား ၁ ဦး ရောဂါပျောက်ကင်း 

COVID-19  ရောဂါပိုးတွေ့ရှိခဲ့တဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်က တပ်မတော်သား ၁ ဦးကို လိုအပ်တဲ့ ကုသမှုတွေပြုလုပ်ပေးခဲ့ရာမှာ ထပ်မံစစ်ဆေးချက်တွေအရ Negative ဖြစ်ပြီး ပျောက်ကင်းသွားပြီလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါပေမယ့်သူကို သတ်မှတ်ကာလအထိ ဆက်လက်  စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတွေမှာ  မေ ၂၀ ရက်အထိ Rapid Test Kit နဲ့ ၃၀၂၇ ဦး၊ PCR   နည်းနဲ့ ၃၆၄ ဦး၊ Cobas 6800  နည်းနဲ့  ၇၅၄ ဦးစစ်ဆေးပေးနိုင်ခဲ့တယ်လို့လည်း မေလ ၂၁ ရက် တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် ၁ ဦးဟာ ဧပြီ ၃၀ ရက်နေ့ကတည်းက ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားနေရပြီး မေလ ၁ ရက်နေ့မှာ နယ်မြေခံတပ်မတော်ဆေးရုံမှာ သီးခြားစောင့်ကြည့်ခဲ့ရပါတယ်။  မေလ ၄ ရက်နေ့မှာတော့ လူနာရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကိုယူကာ PCR နည်းနဲ့ စမ်းသပ်စစ်ဆေး၊ ဓာတ်ခွဲအတည်ပြုတာမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။ သူဟာ မြန်မာနိုင်ငံအတွင်း တပ်မတော်ထဲမှာ ပထမဆုံး COVID-19 ရောဂါပိုးတွေ့ရှိတာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောထားပါတယ်။ ရုရှားနိုင်ငံမှာ ပညာသင်သွားရောက်နေတဲ့ မြန်မာတပ်မတော်က သင်တန်းသား အရာရှိ ၅ ဦး လည်း COVID-19 ရောဂါ ကူးစက်ခံနေရတာရှိပြီး ၄ ဦး ရောဂါပျောက်ကင်းသွားပြီလို့ ကာကွယ်ရေးဦးစီချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
1 year Ago

May 20, 2020

COVID-19 လူနာကို မှတ်တမ်းယူခဲ့သည့် ပုသိမ်ရဲတပ်ဖွဲ့ဝင် ၄ ဦး Home Quarantine ဝင်

COVID-19 ပိုးတွေ့လူနာ Case 191 နဲ့ တွေ့ဆုံခဲ့ပြီး ရဲလုပ်ငန်းအရ ကိုယ်ရေးအချက်အလက်ယူခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က ရဲတပ်ဖွဲ့ဝင် ၄ ဦးကို Home Quarantine စထားလိုက်ပြီဖြစ်ကြောင်း ပုသိမ်မြို့မရဲ့စခန်းက စခန်းမှူး ဒုရဲမှူးမြင့်ခင်က ဒီဗွီဘီကို ပြောပါတယ်။ ရဲအရာရှိတွေဖြစ်တဲ့ ဒုရဲအုပ်ငြိမ်းချမ်းအောင်၊ အလုပ်သင်အရာရှိ ၂ ဦးဖြစ်တဲ့ ဒုရဲအုပ် ကျော်သီဟနဲ့ ဒုရဲအုပ်ကျော်မိုးနိုင်၊ ဒုတပ်ကြပ်စိုးကိုကို တို့ဟာ ပိုးတွေ့လူနာအပါအဝင် မလေးရှားပြန် ၁၈ ယောက်ကို ကိုယ်ရေးအချက်အလက်ယူခဲ့တာကြောင့် စိတ်ချရအောင် သူတို့နေထိုင်ရာ ရဲလိုင်းခန်းမှာပဲ  Home Quarantine ၂၈ ရက်ထားမှာဖြစ်ပါတယ်။ မလေးရှားက မေလ ၁၁ရက်နေ့က ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက ၁၈ ယောက်ဟာ ဧရာဝတီတိုင်းကဖြစ်တာကြောင့် ရန်ကုန်လေဆိပ်ကနေ ဧရာဝတီတိုင်း ပုသိမ်ကို တိုက်ရိုက် ခေါ်ဆောင်ခဲ့တာပါ။ အဲဒီနေ့ ညမှာဘဲ ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ Quarantine စထားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ မှတ်တမ်းယူရာမှာ ၆ ပေအကွာကနေ ရယူခဲ့တာကြောင့် Primary Contact ထဲ မထည့်ထားဘူးလို့ ဧရာဝတီတိုင်းဒေသကြီး Quarantine တာဝန်ခံ ဒေါက်တာမြတ်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ လူနာ Case 191 အပါအဝင် မလေးရှားပြန် ၁၈ ဦးကို သတင်းယူခဲ့တဲ့ ပုသိမ်မြို့ခံ သတင်းထောက် ၂ ဦးအပါအဝင် ပရဟိတသမား ၃ ဦးလည်း မနေ့ကစတင် Quarantine ဝင်နေပြီဖြစ်ပါတယ်။
1 year Ago
More News
Up