COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်

A d v e r t i s e m e n t With Us

March 31, 2020

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လွိုင်ကော်တွင် ပိုးသတ်ဆေးဖျန်း

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းက  အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားတဲ့နေရာ (Facility Quarantine) တွေနဲ့ လမ်းမတွေပေါ်မှာ  မနေ့ညပိုင်းက ပိုးသတ်ဆေးလိုက်ဖျန်းနေပါတယ်။ လွိုင်ကော်မြို့နယ် မီးသတ်တပ်ဖွဲ့က ဦးစီးပြီး ဖေးကူလက်များ ပရဟိတ (ကယား) အဖွဲ့၊ ဝစ္စကုဋိ ပရဟိတအသင်းတို့ ပူးပေါင်းပြီး ဆေးဖျန်းခဲ့ကြတာဖြစ်ပါတယ်။ ဖေးကူလက်များ ပရဟိတ (ကယား) အဖွဲ့ခေါင်းဆောင် ဦးထွဋ်ခေါင် က “ ကျနော်တို့ည ၁၀ နာရီမှာ စတင်ပါတယ်။ ကျနော်တို့ ဆေးဖျန်းတာကတော့ ကျနော်တို့ သာသနာ့ဗိမာန်မှာ ရှိတဲ့ (Facility Quarantine)တွေရယ်၊ နောက်အားကာသိပ္ပံမှာ ရှိတဲ့အတွက် ကျနော်တို့ ဒီလမ်းကြောင်း နာရီစင်ကနေစတယ်။ ပြီးတော့ သူနာပြုသိပ္ပံကနေ စာတိုက်အဝိုင်းကို ပြန်လာတယ်။ ပြီးတော့ အားကာသိပ္ပံဆီသွားတယ်။ လမ်းက လမ်းဘေးဘယ်ညာရှိတဲ့အတွက် ဒုတိယလမ်းကြောင်းကို ပြန်မောင်းပြီး နာရီစင်မှာ အဆုံးသတ်ပါမယ်ခင်ဗျာ။ ဒီညကျနော်တို့ ရေဂါလံ ၇၂၀၀ လောက်သုံးစွဲရပါတယ်ဗျာ။ ” ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေကို မီးသတ်ကား ၅ စီးနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ အဆိုပါ ပရဟိတအဖွဲ့တွေအနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းတွေကလည်း လွိုင်ကော်မြို့ သိရိမင်္ဂလာဈေးနဲ့ (Facility Quarantine) ထားရှိတဲ့နေရာတွေကို ဆေးဖျန်းတဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကယားပြည်နယ်အတွင်း ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို  မြို့နယ်အသီးသီးရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ် ကုသနိုင်ရေးအတွက် နေရာတွေ သတ်မှတ်ပြီး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုတဲ့ (Facility Quarantine) လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ လွိုင်ကော်မြို့မှာဆိုရင် သာသနာ့ဗိမာန်၊ အား/ကာသိပ္ပံကျောင်းနဲ့ သူနာပြုသားဖွား သင်တန်းကျောင်းတွေမှာထားရှိပြီး မတ်လ ၃၀ ရက်နေ့အထိ လူပေါင်း ၂၅၁ ဦးကို Facility Quarantine ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်အသီးသီးမှာလည်း Facility Quarantine အတွက်နေရာပြင်ဆင်သတ်မှတ် စောင့်ကြည့်နေပါတယ်။ ကယားပြည်နယ် တပြည်နယ်လုံးမှာ မတ်လ ၃၀ ရက်နေ့အထိ  Facility Quarantine ပြုလုပ်ထားသူ ၆၁၈ ဦးရှိကြောင်း ဌာနဆိုင်ရာအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ မတ်လ ၃၀ ရက် ညနေ ၅ နာရီခွဲ နောက်ဆုံး ထုတ်ပြန်တဲ့  ထုတ်ပြန်ချက်အရ COVID-19 ရောဂါ စောင့်ကြည့် လူနာ ၁ ဦးတိုးလာကြောင်းနဲ့ သံသယရှိသူ လူနာတွေကတော့ လွိုင်ကော်မြို့နယ်က  ၆ ဦး၊ ဖရူဆိုမြို့နယ်က ၄ ဦး၊ ရှားတောမြို့နယ်က ၇ ဦးနဲ့ လိုခါးလို (ဖားဆောင်း)က ၂ ဦးတို့ ဖြစ်ကြပါတယ်။ စောင့်ကြည့် သံသယလူနာ ၁၉ ဦးထဲကမှ ၁၂ ဦးမှာ ရောဂါပိုးမတွေ့ရှိကြောင်းနဲ့ ကျန် ၇ ဦးကတော့ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။
11 months Ago

March 30, 2020

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မကွေးမြို့ပေါ်ဈေးများတွင် ပိုးသတ်ဆေးဖြန်း

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ မကွေးမြို့ပေါ် စျေး ၅ စျေးကို မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖြန်းခဲ့တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက "COVID-19 ရောဂါ မြန်မာနိုင်ငံမှာ တွေ့ရှိနေပြီမို့ အများပြည်သူ သွားလာနေတဲ့ စျေးတွေမှာ ပိုးသတ်ဆေးဖျန်းပေးခြင်း အားဖြင့် အထိုက်အလျောက် ကာကွယ်နိုင်မှာဖြစ်တယ်။ ကလိုရင်း ပိုးသတ်ဆေးတွေ စျေးအားလုံးကို ဖျန်းပေးတာဖြစ်ပါတယ်။ စျေးဝင်ပေါက်တွေမှာလည်း လက်ဆေးဘေစင် နဲ့ ဆပ်ပြာတွေ အဆင်သင့်ထားရှိပါတယ်။ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင် အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှပေးပြီး နံရံကပ် ပိုစတာတွေလည်းစိုက်ထူထားပါတယ် ။ရပ်ကွက် အတွင်း အမှိုက်သိမ်းယာဉ် သွားလာတဲ့အချိန်တွေမှာလည်း COVID-19 အသိပညာပေး ကြော်ငြာတာတွေ၊ သီးခြား လှည့်လည်ကြော်ငြာတာတွေ လုပ်ဆောင်နေပါတယ်" လို့ ဒီဗွီဘီ ကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးရှောင်ရှားနိုင်ဖို့ အစားသောက်ရောင်ချတဲ့ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်သာရောင်းချကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ သတင်း-မင်းထီး
11 months Ago
Up